Tuesday, July 1, 2014

အမျိုးသားပြန်လည်သင့်မြတ်ရေး ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အတွက် တောင်းဆိုဆန္ဒပြပွဲ(ဂျပန်)


၂၀၁၄-၇-၁
တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၌ မဖြစ်မနေပြုလုပ်
ရမည့် အဓိကလိုအပ်ချက်ဖြစ်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များအား အမြန်ဆုံး အကောင်အထည်ဖော်လုပ်ဆောင်ပေးရန်နှင့် ဒီမိုကရေစီနည်းလမ်းမကိုက်ညီသည့် အချက်များပါဝင်
သည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အတွက်တောင်းဆိုဆန္ဒပြပွဲအား တိုကျိုမြို့ ရှိနဂါဝရှိ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၃၀ ရက်- ၂ဝ၁၄(တနင်္လာနေ့)ညနေ ၃ နာရီ မှ ညနေ ၄ နာရီ
အထိ ကျင်းပခဲ့ပါသည်။