Monday, June 30, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၃၆ ပြင်ဆင်ရေး ပြည်သူ ၃၃ သိန်းကျော်မှ လက်မှတ်ကောက်ခံရရှိထားကြောင်း ထုတ်ပြန် ကြေညာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် ၄/၀၆/၂၀၁၄ အား ၂၀၁၄ခုနှစ်၊ ဇွန်လ(၃၀)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမှတ်(၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ရက်စွဲ - ၂၀၁၄ခုနှစ် ဇွန်လ(၃၀)ရက် ကြေညာချက်အမှတ် - ၄/၀၆/၂၀၁၄
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၀၈ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆အား ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုးခြင်းကို
 (၂၇.၅.၂၀၁၄) မှ (၁၉.၆.၂၀၁၄) နေ့ရက်အထိ တစ်ပြည်လုံးအတိုင်းအတာဖြင့် ရက်သတ်မှတ်ကာ ဆောင်ရွက်လျှက်ရှိပါသည်။

၂။ ပြည်သူလူထု ပါဝင်လက်မှတ်ရေးထိုးခြင်းတစ်လပြည့်မြောက်သည့် နေ့ရက်တွင် ပြည်နယ်/တိုင်း
အသီးသီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် လက်မှတ်ရေးထိုးသူပေါင်း သုံးဆယ့်သုံးသိန်း ( ၃၃၀၀,၀၀၀)ကျော် ရှိကြောင်း ကြေညာအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့