Wednesday, July 2, 2014

ဂျပန်အစိုးရမှ ပြည်သူ့ ဆန္ဒမပါဘဲ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို လူငယ်နှင့် ပြည်သူများ ကန့် ကွက်ဆန္ဒပြ

၂၀၁၄-၇-၂
ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ရုံးရှေ့ တွင် အခြေခံဥပဒေ ပုဒ်မ ၉ ပြင်ဆင်ရေး အစိုးရက ဆန္ဒရှိသော်လည်း
ပြည်သူ ၁သောင်းကျော်က ဆန္ဒပြခဲ့ကြသည်။ ပုဒ်မ ၉ သည် ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး စစ်ပွဲနှင့်
လက်နက်ဖြင့်အနိုင်ကျင့်သည့်ကိစ္စများ၊ အကြမ်းဖက်မှုကိစ္စရပ်များတွင် တဦးတည်းဖြစ်စေ၊အဖွဲ့ အစည်း
နှင့်ဖြစ်စေ ပါဝင်ပါတ်သက်မှုကို ဆန့် ကျင့်သည်။လုံးဝအကြမ်းမဖက်ရေးကိုဦးတည်ပြီး စစ်တပ်အင်အား
ကို အသုံးပြု၍ ကျူးကျော်သိမ်းပိုက်ခြင်း၊ စစ်အင်အားဖြင့် စစ်ပွဲများကျူးကျော်တိုက်ခိုက်ခြင်း၊၀င်ရောက် ကူညီခြင်းများကို ဥပဒေအရ တားဆီးထားသည်။ဂျပန်စစ်တပ်ကို ကန့် သတ်ထားသော ဥပဒေဖြစ်
သည့် ပုဒ်မ ၉ အား ပြင်ဆင်၍ နိုင်ငံတကာတပ်များနှင့် ပူးပေါင်းရန် အစိုးရမှ ကြိုးစားနေသည်။
ဂျပန်ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးအတွက် စစ်ပွဲမဖြစ်ရဟု လက်မှတ်ရေးထိုး
ထားသည်။

လက်ရှိအစိုးရအနေဖြင့် နိုင်ငံတကာနှင့် နိုင်ငံရေးအရ သံတမန်ဆက်ဆံရေးတွင် မဟာမိတ်နိုင်ငံ
အခြင်းခြင်း နိုင်ငံတကာဥပဒေအရ နားလည်မှုများထားရှိကြရမည်။လက်ရှိအစိုးရ အာဘဲ ရှင်းဇိုး
ဝန်ကြီးချုပ်က အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတကာနှင့် ပူးပေါင်း၍ လုံခြုံရေးကောင်စီ၏
ဥပဒေအရ ညှီနိုင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ပြည်သူများ၏ အသက်အန္တရာယ်၊ငြိမ်းချမ်းစွာ
 နေထိုင်နိုင်ရေး၊ အန္တရယ်ကင်းရှင်းစွာ ဥပဒေအရ အာမခံချက်ရှိရေး လိုအပ်ပြီး၊ကမ္ဘာ့ငြိမ်းချမ်း
ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ အတွက် ဂျပန်နိုင်ငံမှ ကူညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်းနှင့်အညီ လုံခြုံရေးကောင်စီ မှုဝါဒအပြောင်းအလဲကို အလေးထား
ပြောကြားခဲ့သည်။

ပြည်သူများမှ ဂျပန်ကာကွယ်ရေးတပ်မတော်ဟာ နိုင်ငံတကာတပ်နှင့် ပူပေါင်းရန်အတွက် အခြေခံ
ဥပဒေကို ပြင်ဆင်နိုင်ရန် လက်ရှိအစိုးရနှင့် ပူးပေါင်းပါတီတို့  တခါးပိတ်ဆွေးနွေးဆုံးဖြတ်ခြင်းမှာ
 ပွင့်လင်းမြင်သာမှုမရှိ။အခြေခံဥပဒေတည်သော နိုင်ငံတစ်ခုအနေဖြင့်လက်မခံနိုင်၊ လက်လှည့်
ဥပဒေ တစ်ခုဖြစ်သည်ဟု ဝေဖန်ကြသည်။ဖွဲ့ စည်းပုံအခြေခံဥပဒေကို မိမိတို့ သဘောထား
တစ်ခုတည်းဖြင့် မပြင်ဆင်ရန် ပြည်သူ့ ဆန္ဒကို လေးစားရန်၊ ဖက်စစ်ဝါဒကို လက်မခံ၊ ၀န်ကြီးချုပ် နှုတ်ထွက်ပေးရန် လွှတ်တော်အနီးရှိ ၀န်ကြီးချုပ်ရုံးရှေ့ တွင် ကန့် ကွက်ဆန္ဒပြရန် အင်တာနက်စာမျက်နှာပေါ်မှ ဖိတ်ခေါ်ခဲ့ရာ လူငယ်နှင့် ပြည်သူ ၁သောင်းကျော်က
 စုဝေးရောက်ရှိလာပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ (၂၀၁၄-၇-၁ ရက်နေ့ )

မြသိန်း