၂၀၁၄-၅-၁၈
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့
ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက် နံနက်က ဟာပြောပွဲ ပြုလုပ်ခဲ့သည်။
ထိုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ တပ်မတော်သည် နိုင်ငံကို ကာကွယ်ရေးအတွက် ဖွဲ့စည်းထားခြင်းသာဖြစ်ပြီး သမ္မတ ရာထူး
အတွက် ထောက်ခံပေးဖို့ ဖွဲ့စည်းထားခြင်းမဟုတ်ဟု ပြောဆိုလိုက်သည်။
ကျမ အမြင်က တပ်မတော်ဆိုတာ ပြည်သူကိုကာကွယ်ဖို့  ပြည်သူကို အုပ်ချုပ်ဖို့  မဟုတ် ဘူး။
တပ်မတော်အနေနဲ့ အခြေခံဥပဒေကိုပြင်ဖို့ အရည်အချင်းရှိရဲ့ လားဆိုတာ ကျမစိန်ခေါ်ချင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကိုစိန်ခေါ်ပြီ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ (မန္တလေးမြို့) အောင်မြင်
စွာ ပြီးဆုံးကြောင်း သိရှိရပါသည်။




