၂၀၁၄-၅-၁၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးလူထုဟောပြောပွဲမှာ စတင်ဟောပြောနေပါပြီ။
တပ်မတော် ဆိုတာ နိုင်ငံ့ကို ကာကွယ်ဖို့ အတွက် ဖွဲ့ထားတဲ့ တပ်မတော်ပဲ..နိုင်ငံ့ရဲ့ သမ္မကို ရွေးဖို့ ဖွဲ့ထားတဲ့ တပ်မတော်မှ မဟုတ်ပဲ။
ရွေးကောက်ပွဲအောင်နိုင်ရေးထက် ဒီမိုကရေစီအောင်နိုင်ရေးကို အဓိကလုပ်ဆောင်ရမယ်။အခုလိုလူထုအစည်းအဝေးပွဲတွေလုပ်တော့ ကျွန်မကို စွပ်စွဲကြတယ် ပြည်သူ့အားကိုးနဲ့လုပ်နေတာ
တဲ့ ကျွန်မက ပြည်သူ့ အားမကိုးလို့ ဘယ်သူ့အားကိုးရမှာလဲ ကျွန်မမှာ အားကိုးစရာ ပိုက်ဆံလည်း
မရှိဘူး အားကိုးစရာ လက်နက်လည်း မရှိဘူး အားကိုးစရာ ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိဘူး။
အသက် ၁၈ နှစ်မပြည့်သေးတဲ့ သူတွေကလဲ လက်မှတ်ထိုးလို့မရပေမယ့် စာရေးလို့ရပါတယ်
ကျွန်တော်တို့ ကျွန်မတို့ဟာ ကျွန်တော်တို့ ကျွန်မတို့ အနာဂါတ်အတွက်ဒီအခြေခံဥပဒေကို
ပြင်ဆင်ပေးပါလို့ ကျွန်တော်တို့ ကျွန်မတို့က တောင်းဆိုပါတယ်လို့ စာရေးပြီးတောင်းဆိုနိုင်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်
( အောင်ပင်လယ် ဟောပြောချက်မှ ကောက်နှုတ်ချက်များ )