၂၀၁၄-၅-၁၈
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အား ကိုရီးယားနိုင်ငံမှ လူ့အခွင့်အရေးဆု ချီးမြှင့်ခဲ့သည်။
ကိုရီးယားနိုင်ငံ ဆိုလ်းမြို့အခြေစိုက် True Foundation က သတင်းစာဆရာကြီး ဟံသာဝတီ
ဦးဝင်းတင်ကို လူ့အခွင့်အရေးဆု ချီးမြှင်လိုက်ကြောင်း ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်ကျော်က ပြောကြားခဲ့သည်။
ဦးဝင်းတင်နှင့် ၎င်းတည်ထောင်ခဲ့သော ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းသည် တပ်မတော်
အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို လူသားချင်းစာနာမှုဖြင့် ကူညီထောက်ပံ့ခဲ့သောကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း True Foundation ရှင်းမှ ပြောကြားလိုက်သည်။
ဆုကြေးငွေ ၇၀၀၀ ဒေါ်လာ ရှိသော လူ့အခွင့်အရေးဆုကို ဇွန်လ ၂၆ ရက်နေ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပေးအပ်မည်ဟုလည်း သိရှိရသည်။