Saturday, May 3, 2014

အမျိုးဘာသာ သာဿနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့  ဘာလဲဘယ်လဲ


၂၀၁၄-၅-၃
ဗုဒ္ဓဘာသာဝင်တို့ သည် မိမိတို့ ၏ ကိုးကွယ်ရာ ဘာသာတရားကို ရိုသေလေးစားကြသည်။
ကံ ကံ၏အကျိုးကိုလည် ယုံကြည်ကြသူများဖြစ်ကြပြီး ကောင်းမှူကုသိုလ်များကို အစဉ်အမြဲအလေး
ထား တတ်ကြသည်။ဘာသာ သာဿနာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည်။ဗုဒ္ဓဘာသာထွန်း
ကားသော ဗမာနိုင်ငံဝယ် နိုင်ငံအုပ်ချုပ်မင်းလုပ်သူများက မိမိတို့ အကျိုးအတွက် ဘာသာ သာဿနာ
ကို ခုတုန်းလုပ်ပြီး ဖျက်လိုဖျက်ဆီးလုပ်ရပ်သည် ဗုဒ္ဓဘာသာနိုင်ငံ၏ ဂုဏ်ကိုထိခိုက်စေသည်။

လက်ပံတောင်းတောင်ဒေသ လယ်တီသိမ်အား စစ်ခရိုနီတို့ ယုတ်မာကောက်ကျစ်စွာ ဖြိုချလိုက်ခြင်း
 အပေါ် သံဃာတော်များနှင့် ဒေသခံလယ်သမားများ အစိုးရ၏ဆက်ဆံရေးရုံးကို ချီတက်ကန့် ကွက်ရူံ့  ချခဲ့ကြသည် အာဏာပိုင်များမှ တစ်စုံတရာရှင်းလင်းခြင်းမပြုရဲဘဲ ရုံးတံခါးပိတ်ကာ ရှောင်ရှားနေကြ  သည်ဒေသခံပြည်သူတို့ မှ ထိုရုံးရှေ့ တွင် ဦးပိုင် ဝမ်ဘောင်ကုမ္ပဏီတို့ ၏ ယုတ်မာမှုများကို ဖွင့်ချဟောပြောခဲ့ကြသည်။

အမျိုးဘာသာ သာဿနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ၏ မျိုးစောင့်ဥပဒေကို သမ္မတကြီးကိုယ်
တိုင်ကြီးမှူး၍ လွှတ်တော်တွင် ဥပဒေပြဌာန်းရန် ဆောင်ရွက်နေသောလည်း မိမိတို့ ၏ကိုးကွယ်ရာ
ရှေးဟောင်း လယ်ဒီသိမ်တော်ကြီး ဖျက်ဆီးခံရမှုအပေါ် အမျိုးဘာသာ သာဿနာ ကာကွယ်စောင့် ရှောက်ရေးအဖွဲ့ မှ ရေငုံနှုတ်ဆိတ်နေသည်မှာ စဉ်းစားစရာဖြစ်နေရသည်။ ငါလှေငါထိုး ပဲခူးရောက်
ရောက် ဆိုသလို မင်းမိန့် အာဏာကို အလွဲသုံးစားလုပ်ပြီး ဘာသာ သာဿနာကို ဖျက်ဆီးခံနေရ
သည်။

လက်ပံတောင်းဒေသ