Wednesday, May 7, 2014

ပြည်တွင်းငြိမ်းချမ်းရေးနဲ့  ပြည်သူတွေရဲ့  အထွေထွေအခက်အခဲ အစိုးရ ဖြေရှင်းပေးခြင်းမရှိ၊ မတရားသော ဥပဒေတွေနဲ့  ပြည်သူတွေ ဆက်လက်အရေးယူခံနေရဆဲ













၂၀၁၄-၅-၇
ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ ၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ အပစ်အခတ် ရပ်ဆဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သောလည်း ရှမ်းပြည်နှင့် ကချင်ပြည်နယ်များတွင် စစ်ပွဲ
များ ဆက်လက်ဖြစ်ပွားနေသည်။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို
ပထမဆုံး အကြိမ် ရပ်တန့်နိုင်တော့မည်ဟု မြန်မာ့ငြိမ်းချမ်းရေးဂေဟာ MPC က ပြောဆိုထား
သော်လည် လက်တွေ့ မှာ အပြောတမျိုး အလုပ်တမျိုးဖြင့် ဂတိမတည် လုပ်စားများလုပ်နေကြပြီး
စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ယနေ့ အထိမရရှိသေးပေ။

မတ္တရာဒေသသပြေသာရွာမှလယ်ယာမြေသိမ်းပိုက်ခြင်းခံနေရသောလယ်သမားကို
ခရိုနီတင်မြင့်၏ခါးပိုက်ဆောင်လက်နက်အဖွဲ့ မှမင်းတို့ ရွာကိုမီးရို့ ပြစ်မည်ဟုဟစ်အော်
သောကြောင့်လယ်သမားများမှမိမိကျေးရွာလုံခြုံရေးအတွက်စုပေါင်းကာကွယ်ရန်
ထွက်လာကြစဉ်။

မီတာခတိုးမြှင့်တာ ကန့်ကွက်ဆန္ဒပြသူ ဦးဝင်းချိုကို ရုံးထုတ်စစ်ဆေးလျှပ်စစ်မီတာခ တိုးမြှင့်
ကောက်ခံတဲ့အပေါ် ဦးဆောင်ဆန္ဒပြခဲ့တဲ့ ဦးဝင်းချိုနဲ့ ကိုဝေဠုတို့ကို ကျောက်တံတားမြို့နယ်
တရားရုံးမှာ တတိယအကြိမ်မြောက် ဒီနေ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဦးဝင်းချိုကို သံခြေချင်းခတ်ပြီး ရုံးထုတ်တာကန့်ကွက်တဲ့အနေနဲ့ လာရောက်ကြည့်ရှုသူတွေက တရားရုံးရှေ့မှာ သံခြေချင်းတွေ
ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံရှိ တချို့နေရာများတွင် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ပြဿနာများ ကြုံ
တွေ့လျှက် ရှိပါသည်။ နှစ်စဉ် နွေရာသီရောက်တိုင်း ရေတွင်းရေများ ခန်းခြောက်ခြင်း၊ ကျေးရွာသုံး သောက်သုံးရေကန်များ ခန်းခြောက်ခြင်းကြောင့် သောက်သုံးရေ ရှားပါးမှုမှာ ပြဿနာ တစ်ခုအဖြစ် ဖြစ်နေပါသည်။

DVB သတင်းထောက် ကိုဇော်ဖေပြန်လည်လွတ်မြောက်ရေးအတွက် မကွေးမြို့တွင် ၇.၅.၂၀၁၄ မနက်ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 ဧပြီလ(၁၁)ရက်တွင် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့အပြင်ဘက် ရွှေကြိုးပင်နတ်စင်၌
လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ တာဝန်ရှိသူ သဲကုန်းမြို့နယ်
လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်၊ လယ်ယာမြေများတွင် ငါးကန်လုပ်ငန်းများ လုပ်ကိုင်
နေသူ စီးပွားရေးလုပ်ငန်းရှင် ဦးထိုင်ထိုင်၊ သဲကုန်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ် သမဦးစီးမှူးတို့အား လယ်ယာမြေသိမ်းဆည်းခံရသူ လယ်သမားငါးဆယ်ကျော်က ကျိန်စာ
တိုက်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးအရေးယူခြင်ခံရသည်။

အစိုးရ နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု
အဖွဲ့က ကိုထင်ကျော်ကို မြိုနယ် ရဲစခန်း ၁၁ခုက ပုဒ်မ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

 အစိုးရနှင့် တရုတ်ဝမ်ပေါင်ကုမ္မဏီတို့ ပေါင်း၍ စီပွားရှာလုပ်စားနေကြပြီး ဗုဒ္ဓဘာသာ၏
အထွတ်အမြတ်ဖြစ်သော လယ်ဒီသိမ်တော်ကြီးကို ဖျက်ဆီးခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်
သူတော်စင်များ စိတ်မချမ်းမသာဖြစ်ကြရသည်။

မိကျောင်းကန်ပြည်သူများ သပိတ်စခန်း ၃၉ရက်မြောက်နေ့ ဆန္ဒထုတ်ဖော်နေသည်ကို ၂၀၁၄ခုနှစ် မတ်လ ၁ရက် ညနေ ၅နာရီအချိန်က ဆူးလေဘုရားအနီးတွေ့ရစဉ်။

ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတော့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ၊၅၉(ဃ)
 နှင့်  ပုဒ်မ ၅၉(စ) တို့ကို ပြင်ဆင်ပေးရန်အတွက် မန္တလေးမြို့မှာ မနေ့က မနက် ၉ နာရီက မြို့ ခံ
ပြည်သူ ၃၀၀ လောက် က ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ ကြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့  ပြည်သူတွေရဲ့ အထွေထွေအခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့
အစိုးရကို အုပ်ချုပ်ရေးနယ်ပယ်မှ ဖယ်ရှားပြစ်ရမည်။ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ လိမ်လည်
လည့်ပြားနေပြီး  စီမံအုပ်ချုပ်မှုညံဖျင်းသောအစိုးရကို ဆက်လက်ထားရှိရန် မဖြစ်တော့ပါ။စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရန် အာဏာရှင် အစိုးရကို အုပ်ချုပ်ရေးနယ်ပယ်မှ အမြန်ဆုံး ဖယ်ရှားပြစ်ရမည်။

မြသိန်း