Saturday, May 3, 2014

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ညံ့ဖျင်းမှုသည် အစိုးရတွင် တာဝန်ရှိသည်

၂၀၁၄-၅-၃
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် နိုင်ငံတနိုင်ငံ၏ အကြီးမားဆုံး ဂုဏ်သိက္ခာပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေသော စက်ရုံထွက် ဓါတုပစ္စည်းအညှစ်အကျေးများကို စနစ်တကျ
စွန့် ပစ်ဖို့ လိုအပ်ပေသည်။ မြစ် ချောင်း ၊ မြောင်း ထဲသို့  စွန့် ပစ်ခြင်းကြောင့် လူတို့ တွင် ကူးစက်
ရောဂါများဖြစ်ပေါ်စေသည်။ ဂျပန်နိုင်ငံမှ ၁၉၅၆ ခုနှစ် Kumamoto ခရိုင်တွင် Mercury Pollution
ရောဂါနှင့် ၁၉၁၀ ခုနှစ်မှ ၁၉၇၀ ခုနှစ် Tomiyama ခရိုင်တွင် Itai-itai disease ရောဂါ၊၁၉၆၀ ခုနှစ်
မှ ၁၉၇၀ ခုနှစ်အထိ Miei ခရိုင်တွင် Yokkaichi Asthma ရောဂါတို့ ဖြစ်ပွားခဲ့ပြီး ထိုရောဂါသည်များ
က နိုင်ငံတော်ကို တရားစွဲဆိုခဲ့ပြီး နိုင်ငံတော်မှ တာဝန်ယူ ကုသပေးခဲ့ရသည်။စက်ရုံ၊ အလုပ်ရုံများမှ စွန့် ပစ် ဓါတုပျော်ဝင်ရေများ မြစ် ချောင်း ၊ မြောင်း ထဲသို့ စွန့် ပစ်ခြင်းကြောင့်  ပါတ်ဝင်ကျင်တွင်နေ
ထိုင်သော လူများကို ရောဂါအမျိုးမျိုးဖြစ်ပေါ်စေခဲ့သည်။

မြန်မာနိုင်ငံကို အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် ပြုပြင်ပြောင်းလဲရေး
လမ်းကြောင်းပေါ်သို့  ရောက်ရှိနေသော်လည်း အုပ်ချုပ်သူလူတန်းစားများ၏ အမျော်အမြင်ညံ့ဖျင်းမှု 
ကြောင့် တိုင်းပြည်သည် တိုးတက်သင့်သလောက် မတိုးတက်ပဲ ရပ်တန့် နေရခြင်းသည် စီမံခန့် ခွဲမှု
ညံဖျင်းသောကြောင့်ဖြစ်သည်။အာဏာရှင်တို့ သည် စီးပွားရေးကို တံခါးဖွင့်ပေးပြီး နိုင်ငံရေးကို
 ချုပ်ကိုင်ဖို့ သာ ကြိုးစားကြသည်။တိုင်းပြည်၏ အနာဂတ် ဆိုးကျိုးများကို မလေ့လာ မထိမ်းသိမ်း၊ 
ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ကိုယ်ကျိုးစီးပွားစီမံကိန်းလုပ်ငန်းများသည် ပြည်သူပြည်သား
များအတွက် ဆိုးကျိုးအန္တရာယ်များ ကြုံတွေ့ နေရသည်။သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး 
လုပ်ငန်းများကိုလျစ်လှူ့ ရှု့ ခဲ့သောကြောင့်ပြည်သူများ ခလေးငယ်များသည် ထူးစမ်းသော
 ရောဂါအမျိုးမျိုးကို ခံစားနေရသည်။စက်ရုံ အလုပ်ရုံစွန့် ပစ်ပစ္စည်းများ၊ နေအိမ်မှ စွန့် ပစ်ပစ္စည်းများ၊
 ဈေးဆိုင်များမှ စွန့် ပစ်ပစ္စည်းများ၊လူသွားလူလာနေရာများတွင် အမှိုက်ပုံးများ စနစ်တကျထားရှိခြင်း၊
 ရပ်ကွက် မြို့ နယ်များတွင် စွန့် ပစ်ပစ္စည်းများကိုနေ့ ရက် အချိန် နေရာသတ်မှတ်၍ ပြည်သူများ 
စနစ်တကျစွန့် ပစ်ရန် ပညာပေးခြင်း ကျေးလက်နေပြည်သူများ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်း
တတ်လာစေရန်နှင့် ကျေးလက်လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးတိုးချဲ့ပညာပေးခြင်း ဟောပြောပွဲကို နေရာအနှံဆောင်ရွက်ရန် အစိုးရနှင့် NGO အဖွဲ့ 
များပူးပေါင်း ဆောင်ရွက်ခြင်း စသည့် ပညာပေးလုပ်ဆောင်ရန် အစိုးရတွင်တာဝန်ရှိသည်။

မြသိန်း