Saturday, May 24, 2014

လွတ်လပ်၍ တရားမျှတသော ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အနုပညာရှင်များ ပြည်သူ့ ဘက်မှရပ်တည်၍ လက်မှတ်ရေထိုး

၂၀၁၄-၅-၂၃
ယမန်နေ့ ည (၇)နာရီ တော်ဝင်နှင်းဆီခန်းမမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အနုပညာရှင်များ ပူပေါင်းလှုပ်ရှားဖို့အတွက် အနုပညာရှင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမှာ ပြည်သူတွေ လွတ်လပ်မှုနဲ့  တရားမျှတမှု ရရှိစေဖို့  အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အဓိကလိုအပ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့  ဒီမိုကရေစီဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေ
ကိုကြည့်ရင် ဒီနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဟုတ် မဟုတ် သိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေက တဘက်သတ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့  ညီညွတ်မှုမရှိတဲ့အပြင် ဥပဒေစိုးမိုးမှုမရှိ၍ ပြည်သူတွေရဲ့  ဘ၀လုံခြုံမှုကို မပေးနိုင်တဲ့နိုင်တဲ့အပြင် မတရားတဲ့ဥပဒေတွေရဲ့  အကာအကွယ်ကိုလည်း ပြည်သူတွေ ဆုံးရှုံးနေကြရပါတယ်။

နေ့ စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော ပြဿနာအမျိုးမျိုးဟာ ဥပဒေစိုးမိုးမှုမရှိတဲ့အတွက်ကြောင့်
ဖြစ်ပြီး ပြည်သူတွေကို ပုဒ်မမျိုးစုံတတ်ပြီး အရေးယူနေတာကို တွေ့ မြင်နေရပါတယ်။ ပြည်သူများ
ဒုက္ခဆင်းရဲခြင်းများစွာဖြင့် စားဝတ်နေရေးနဲ့ ဘ၀လုံခြုံရေးဟာ အာမခံချက်မရှိဖြစ်နေကြရပါတယ်။

မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဓိက လိုအပ်ချက်က အခြေခံဥပဒေပြင်ဆင်ရေးဖြစ်ပြီး
ပြည်သူတွေရဲ့  နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည့် လူနေမှုဘ၀လုံခြုံမှုကို အာမခံချက်
ပေးနိုင်တဲ့ ဥပဒေစိုးမိုးရေးလိုအပ်နေပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ ညီညွတ်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာစေရန် NLD နှင့် 88 မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့ အစည်းတို့ 
ပူးပေါင်းဆောင်ရွက်တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လူထုလှုပ်ရှားမှုမှာ
ပြည်သူတွေနဲ့ အတူ လူမှုရေးအဖွဲ့ အစည်းများ ကျောင်းသား၊အလုပ်သမား၊လယ်သမား အဖွဲ့ အစည်း
များ၊ရှေ့ နေကွန်ယက်များနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်ကြပြီး ပြည်သူ့ အခန်းကဏ္ဍ မြှင့်တင်
နိုင်အောင် ၀ိုင်းဝန်းကြိုးစားကြရမည်။

 ပြည်သူချစ်တဲ့ စာပေ ဂီတ သဘင် ရုပ်ရှင် အနုပညာရှင်များမှလည်း မိမိတို့ ပြည်သူတွေ
လွပ်လပ်မှုအတွက် အခက်အခဲဖြစ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ သမိုင်းပေး
တာဝန်တရပ်အဖြစ် အနုပညာရှင်များအားလုံး ပြည်သူတွေဘက်မှ ပူးပေါင်းပါဝင်
ကြလိမ့်မည်ဟု ယုံကြည်ပြီး လက်မှတ်ရေးထိုး နေကြသည်ဟု သိရှိရပါသည်။

မြသိန်း