၂၀၁၄-၅-၂၃
ယနေ့ ည (၇)နာရီ တော်ဝင်နှင်းဆီခန်းမမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အနုပညာရှင်များ ပူပေါင်းလှုပ်ရှားဖို့အတွက် အနုပညာရှင်တွေ အစည်းအဝေးပြုလုပ်ကြမှာဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမှာ ပြည်သူတွေ လွတ်လပ်မှုနဲ့  တရားမျှတမှု ရရှိစေဖို့  အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အဓိကလိုအပ်နေပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့ အတွက် နိုင်ငံရေးပါတီများ တိုင်းရင်းသား အဖွဲ့ အစည်းများ၊ လူမှုအထောက်အကူပြု အဖွဲ့ အစည်းများ၊ ကျောင်းသားများ၊ အလုပ်သမား လယ်သမားများရှေ့ နေများ၊ကဏ္ဍပေါင်းစုံမှ အဖွဲ့ အစည်းအသီးသီး
များ ပူးပေါင်းပါဝင်လာနေကြပြီး အနာဂတ်ဒီမိုကရေစီအရေးမှာ သမိုင်းပေးတာဝန် တစ်ရပ်ဟု ပြည်သူများက ရှု့ မြင်နေကြပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်များမှလည်းမိမိတို့ ပြည်သူတွေ
လွပ်လပ်မှုအတွက် အခက်အခဲဖြစ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ တာဝန်ကျေကြ
လိမ့်မယ်လို့  ပြည်သူအများစုက မျှော်လင့်နေကြပြီး အနုပညာရှင်များပူးပေါင်းပါဝင်နိုင်ဖို့  ဆွေးနွေးကြမည်ဟု သိရှိရပါသည်။