၂၀၁၄-၅-၂၂
ယနေ့ မေလ၊ ၂၃ ရက်၊ ည ၇း၀၀ နာရီက ရန်ကုန်မြို့၊ တော်လှန်ရေးပန်းခြံအနီးရှိ M3
စားသောက်ဆိုင်တွင် UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ)မှ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးဆောင်သူများတွေ့ဆုံခဲ့ကြပြီး ညစာစားပွဲပြုလုပ်ခဲ့ကြသည်။
ထိုညစာစားပွဲသို့ UNFC မှ ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး လုံးလုံ၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဦးထွန်းဇော်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့
အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ မြအေး၊ ဂျင်မီ၊ အံ့ဘွယ်ကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ညစာစားပွဲတွင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီနှင့် တိုင်းရင်းသားများအားလုံး တန်းတူညီမျှရေးကို အာမခံနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
မှ အားသွန်ခွန်စိုက်ပါဝင် ကြိုးစားပေးနေမှုကို ၀မ်းမြောက်ဝမ်းသာလက်ခံကြိုဆိုပါကြောင်း နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းလုပ်ဆောင်နေကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများ
ကို ထောက်ခံပါကြောင်း တို့ကို UNFC မှ ပြောကြားသွားခဲ့ပြီး ည ၉း၁၀ နာရီတွင် ညစာစားပွဲကို အဆုံးသတ်ခဲ့ကြသည်။