Saturday, May 17, 2014

အမျိုး၊ ဘာသာ၊ သာသနာကို ခုတုံးလုပ်ပြီး မဲဆွဲစည်းရုံးတဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဥပဒေအရ ထိရောက်စွာ အရေးယူရမည်

              လူမျိုးရေး ဘာသာရေး ပြဿနာများ ကြီးထွားအောင် လှုံဆော်သူ တရားခံဖမ်းဆီးမိ

၂၀၁၄-၅-၁၇
အမျိုး၊ ဘာသာ၊ သာသနာတိုးတက်စေဖို့ ၅၉(စ) ထောက်ခံစို့ အပါအဝင် အချက်လေးချက်
 တောင်းဆိုကာ မေ ၁၅ ရက်က ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင် ဆန္ဒပြခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဘာသာရေးကိုအကြောင်းပြပြီး မဲဆွဲစည်းရုံးရေး
လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာအရေးယူမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုထား
သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များကို ကြားဖြတ် ရွေးကောက်ပွဲနှင့် အခြား
ရွေးကောက်ပွဲ များတွင် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးခြင်းကို ခွင့်မပြုကြောင်း အဆိုပါ 
ပါတီထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။ဘာသာရေးကို အကြောင်းပြပြီး မလုပ်ဖို့ အခြေခံဥပဒေထဲမှာလည်း တားမြစ်ထားပါတယ်။ 

အမျိုး၊ ဘာသာ၊ သာသနာတိုးတက်စေဖို့ ၅၉(စ)ထောက်ခံစို့ ဆိုပြီး ဗီနှိုင်း ဆိုင်းပုဒ်ကြီးများကိုင်၍
ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ထိုကိစ္စနှင့်ပါတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုး
ပါတီတွင် တာဝန်ရှိပြီး ဥပဒေအရ ထိရောက်စွာအရေးယူရမှာဖြစ်ပြီး ဘာသာရေးကို နိုင်ငံရေးထဲ
ဆွဲထည့်ပြီး ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားစေနိုင်ပြီး တိုင်းပြည် ဆူဆူပူပူ ဖြစ်မည်ကို မည်သူမျှ မလိုလားဟု ၁၅-၅-၂၀၁၄ နေ့ မှာ မန္တလေးမြို့ တွင် ကျင်းပတဲ့ အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က ဆိုထားပါတယ်။ ပြည်သူတွေကို အထင်မှားအမြင်မှားဖြစ်အောင် မဖြစ်သင့်တဲ့ ဆူပူမှုတွေဖြစ်လာအောင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီမှ ဆောင်ရွက်နေတယ်ဆိုတာ ဓါတ်ပုံသက်သေနဲ့ တကွ ထင်ရှားစွာသိမြင်နိုင်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်သည့် ကိစ္စနဲ့ ပါတ်သက်ပြီး အခြေခံဥပဒေအရ ကြံခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီကို ထိထိရောက်ရောက် အရေးယူရမည်ဖြစ်သည်။

မြသိန်း