၂၀၁၄-၅-၁၇
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့်
ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထု
ဟောပြောပွဲ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းသို့  ခေါင်းဆောင်များရောက်ရှိ
လာရာ အဖွဲ့ချုပ် နှင့် ၈၈ အလံများ ဝှေ့ယမ်း၍ ပြည်သူများမှ ကြိုဆိုကြသည်။ ကိုမင်းကိုနိုင်မှ
ဟောပြောခဲ့ပြီး၊ဒေါ်အောင်ဆန်းစုကြည်မှ ဟောပြောနေပါသည်။ လူဦးရေး ၂ သိန်းနီးပါးခန့်  တက်ရောက်ခဲ့ကြပြီး ကွင်းတခုလုံးပြည့်လျှံသွားသည်ဟု သိရှိရပါသည်။
NLD က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုပါဝင် လက်မှတ်ရေးထိုးမှု
မေလ ၁၇မှ စ၍ ၂လ ကြာပြုလုပ်မည်။
သတင်း ဦးမောင်