၂၀၁၄-၅-၁၆
တစ်ခါက မိတ်ဆွေတစ်ယောက်က မေးတယ်။ အရှင်ဘုရားကို ဒေါ်စုက ဘာတွေ ကြွေး ထားလို့လည်း
တဲ့။ ဦးဇင်း ပြန်ဖြေပေးလိုက်ပါတယ်။ ဘာမှမကြွေးလို့ကို ချစ်ခဲ့တာပါဘုရားလို့။ ဦးဇင်းက မေးတဲ့လူကို စိတ်မဆိုးတဲ့အပြင် တကယ့်ကို ဝမ်းပန်းတသာ နဲ့ဖြေခဲ့ပါတယ်။ သူ့ကို ချစ်တာ လေးစားတာ အခုလို နိုင်ငံတကာကို သွားပြီး မိန့်ခွန်းတွေခြွေ- ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် တွေမှာ ရဲ့ရဲ့ဝင့်ဝင့် ခေါင်းမော့ ရင်ကော့ပြီး လက်ချာ တွေပေး။ မေးသမျှမေးခွန်း တွေကို လျှပ်စီးလက်သလို ပညာဥာဏ်နဲ့ ဒက်ခနဲ
ဒက်ခနဲ ပညာရှင်တွေက အားကျ အတုယူရ လောက်အောင် ဖြေနိုင်လို့ ကမ္ဘာ့ပြည်သူတွေက အောင်ဆန်းစုကြည်ဆိုရင် သဲသဲလှုပ်ဖြစ်နေခါမှ ချစ်ခဲ့တာမဟုတ်ဘူး။
အမေထောင်ထဲမှာ အချိန်အကြာကြီး နေခဲ့ ရကတည်းက သူ့မွေးနေ့ ရောက်ပြီဆိုရင် ဒီနေ့ဟာ
ဆိုရင်ဖြင့် အမေစုရဲ့ ဘယ်နှစ်နှစ် မြောက် မွေးနေ့ဖြစ်တယ် အမေစု လွတ်မြောက်နိုင်ဖို့အတွက်
ဘုရားသွား အမေစု သက်စေ့ ဘုရားရေသပ္ပါယ် မရှိမဲ့ ရှိမဲ့ ဆွမ်းခံ လို့ရ ထားတဲ့ပိုက်ဆံလေးနဲ့
ငှက်ကလေး တွေဝယ်လွတ်ခဲ့တယ်။ အမေစုဓါတ်ပုံကို ဆောင် ထားရင် အဖမ်းခံရတဲ့ ခေတ်ကြီးမှာ ပုံးကြီးချဲ့ပြီး တော့ ခေါင်းရင်းမှာ ချိတ်ထားခဲ့တယ်။ ဆွမ်းခံ မသွားခင်တစ်ကြိမ် ဆွမ်း ခံပြန်လာ
တော့တစ်ကြိမ် ကြည့်ပြီး အမောဖြေခဲ့ဘူး တယ်။ (အိန္ဒိယ စာလာ သင် တော့ အဲဒီဓါတ်ပုံကို
လက်ခံမဲ့ အိမ်မရှိခဲ့ဘူး သနားစရာ ကောင်းလိုက်တဲ့ အမေ့ ဓါတ် ပုံ လေး)။
၂၀၀၇ ရွှေဝါရောင်တုန်းက အမေ့အိမ်ရှေ့မှာ အမေထွက်ကြည့်တော့ ဝမ်းနည်းလိုက်သည်ဖြစ်ခြင်း မေတ္တာပို့ သံဃာတွေ မအောင့်နိုင်တော့လို့ အမေ့ကို ဆွဲထုတ်ဖို့လုပ်လို့ လုံထိမ်းရဲတွေနဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် လုံးခဲ့ရတယ်။ ၂၀၀၈ အာဇာနည်နေ့မှာ NLD ရုံးမှာ ဆွမ်းကပ်တော့ ရန်ကုန်တိုင်း တစ်တိုင်းလုံးက ဘုန်းကြီးတွေ ဘယ်ကိုယ်တော်မှ ဆွမ်းစားမကြွရလို့ အစိုးရက အမိန့် ချထားပေမဲ့ အမေ့အတွက် သဲတစ်ပွင့်လောက် ကူညီပေးချင်လို့ ဘဝနဲ့ ရင်းပြီးတော့ ရဲတွေ စောင့်နေတဲ့ အမေ့ ရုံးဟောင်းလေးကို ဒူတုန်တုန်နဲ့ လာခဲ့ဖူးတယ်။ ဆွမ်းစားပြီးတော့ အလိုက်ခံရတာပဲ။ VOA က အင်တာဗျူးလာတော့ ဆွမ်းစားသွားလို့ ဖမ်းမယ်ဆိုရင် ကြိုးစင်တက်သွားမယ်လို့ ဖြေခဲ့ဘူးတယ်။
အမေတောင် ရှေ့တိုးရင် သေနပ်နဲ့ ပစ်မယ်လို့ပြောတာ ရှေ့ဆက်သွားခဲ့တယ်မဟုတ်လား။
ဒီလိုပဲပေါ့ အမေရေ- အမေ့သားပဲမဟုတ်လား-- အမေလွတ်ပြီလို့ကြားလိုက်တာနဲ့ ညဘက်ကြီးမှာ တက္ကစီနဲ့ အပြေး လာကြည့်လို့ အမေအပြုံးကို မြင်လိုက်ရတဲ့ ခဏတာဟာ ဘယ်လိုစာဖွဲ့ရမှန်းတောင် မသိဘူး အမေရေ။ အဲသလောက် အဲသလောက်ကို ချစ်ခဲ့ရပါတယ်အမေ---ခုတော့ အမေ သမ္မတကြီးဖြစ်ဖို့ပဲ ကျန်တော့တယ်။ဘာမှ အားမငယ်နဲ့ ဘာမှမစိုးရိမ်နဲ့ အမေကျမ်းမာအောင်ပဲနေ
ရမယ်။ မတရားမှုဆိုတာ ကြာကြာမခံပါဘူး။ ထွက်ပြီးတော့ ဝင်သွားတဲ့နေလိုပဲ ခဏလေးပါ။
မိုးကလည်း ဒီလိုပဲ မိုးကောင်းတုန်းပဲ ရွာနေနိုင်တာပါ။ အမေရွာမဲ့မိုးက လူသားကမ္ဘာကို ငြိမ်းချမ်းမှု
ပေးမဲ့ မိုးဆိုတာ မပြောပဲ နားလည်ပါတယ်အမေ။ အမေပေးမဲ့ အလင်းရောင်ဟာလည်း လူသားကမ္ဘာ
ကို အနွေးဓါတ်ပေးမဲ့ အလင်းရောင်ဆိုတာ ခံစားနားလည်နိုင်ပါတယ်အမေ-- အမေသမ္မတ ဖြစ်လို့
ကုလား နိုင်ငံဖြစ်ရမယ်ဆိုတာ ဘယ်ခေတ်က လူတွေပြောကြသလည်းမသိပါဘူး။ဒါမှမဟုတ်
မှိုင်းတိုက်ခံ ထားရတာလား။ သမ္မတတစ်ယောက်ရဲ့ လုပ်ပိုင် ခွင့်ဟာ ဒီမိုကရေစီစံနစ်မှာ
ဘယ်အတိုင်း အတာထိရှိတယ်ဆိုတာမသိကြဘူး။ ငါသမ္မတ လုပ်ချင်တာ လုပ်မယ်။ ပြောချင်တာ ပြောမယ်ဆိုရင် လွတ်တော်မလိုပါဘူး။ ခု လွတ်တော်ထဲမှာ ပါတီပေါင်းစုံက လွတ်တော်ကိုယ်
စားလှယ်တွေ ရှိသလို ခြေပပြော ဆိုပိုင်ခွင့် အဆိုတင်သွင်းခွင့်ရှိနေတော့ ကုလားနိုင်ငံဖြစ်သွား
မယ်လို့ ဘယ်လိုများ ပြောနိုင်ပါ့မလည်း။ တစ်နေ့တော့ အမေ့စေတနာကို နားလည်နိုင်ကြလိမ့်
မယ်လို့် ပြောကြားရင်း ၂၀၁၅ မှာ သမ္မတ အဖြစ်နဲ့ မြန်မာပြည်ကြီး အာရှတိုက်ရဲ့ ဘုန်းတန်ခိုး အကြီးထွားဆုံးနိုင်ငံကြီး ဖြစ်နိုင်ပါစေလို့ တောင်းဆုချွေလိုက်ပါတယ်အမေ။
Nanda Mala