Saturday, February 1, 2014

အနာဂါတ်သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်

၂၀၁၄-၂-၁
အခြေခံဥပဒေ၏ အခန်း(၃) ၏ နိုင်ငံတော် အကြီးကဲ သမ္မတ နှင့် ဒုသမ္မတ ဖြစ်နိုင်ရန် အရည်ချင်းသတ်မှတ်ချက်များအားလေ့လာရာတွင် ပြင်စရာမလိုပဲ ဒေါ်အောင်ဆန်းစုကြည်အဖို့
သမ္မတ ဖြစ်ပိုင်ခွင့်ရှိနေ၏..ထိုဖေါ်ပြပါ အခန်းအရ အပိုဒ် (၅၉) ၏ (ဃ) သည် စစ်ရေးအမြင် ရှိရမည်ဆိုသော ပြဌာန်းထားချက်သည် နိုင်ငံတော် ကာကွယ်ရေးအတွက်ဖြစ်၏၊ ကာကွယ်ရေးဆိုင်ရာ အမြင်ဖြစ်သည်ဟု တထစ်ချ သတ်မှတ်နိုင်ပါသည်။ စစ်မှုထမ်းဟောင်း သို့မဟုတ် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ရမည် ဆိုသော အချက် ပြဌာန်းထားခြင်း မရှိသည့်အတွက် ဒေါ်အောင်ဆန်း
စုကြည် အဖို့ ကင်းလွတ်ပါသည်။

ထိုအပိုဒ်(၅၉)၏ (စ)လုံးတွင်ပင် မိမိကိုယ်တိုင်သော်လည်ကောင်း ၊ မိမိ၏ မိဘတပါးပါးသော်လည်း
ကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး
သော်လည်းကောင်း ၊ ထိုတရားဝင် သား သမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း
ကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာ တော် ကို ခံယူ စောင့်ရှောက်ရိုသောသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်
စေရ ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူ
များ မဖြစ်စေရ ပင်ဖြစ်၏။

အခြေခံဥဒေအကြောင်း အရင် ရှင်းပြပါမည်..နိုင်ငံတိုင်းတွင် အခြေခံဥပဒေမရှိသော နိုင်ငံတချို့ ကမ္ဘာပေါ်တွင် ရှိနေပါသည်။ သို့သော် အခြေခံဥဒေသည် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်ပြဌာန်း
သော အခြေခံ မူတခုသာဖြစ်၏။ ၄င်းအခြေခံဥပဒေအတိုင်း အရာအားလုံး သွတ်သွင်း ယူဆရမည့် အခြေနေနှင့် အကြောင်းတရားများသည် လက်ရှိ နိုင်ငံ၏ မူဘောင်ဆိုပါလျှင် အထက်ပါ (၅၉) စ တွင် ပြဌာန်းထားမှုသည် ကိုက်ညီသင့်တော်သည်ဟု ယူဆနိုင်ပါသည်…သို့သော် လက်ရှိပြဌာန်းထားမှု
သည် ယခင် ယခု ဆိုသော ကာလနှစ်ခုလုံးအတွက် ကိုက်ညီ၇ပေမည်. အထက်ပါပြဌာန်းထားမှု
 စာလုံးများ အယူဆများတွင် ယခင်ဆိုသော အကြောင်းရာအား ဖေါ်ပြထားသည် စကားလုံးတစ်လုံးမှ မပါရှိပါ…ယခုဆိုသော စကားလုံးများ လည်း မတွေ့ရသဖြင့် ဥပဒေအရ ငြင်းပယ်ပိုင်ခွင့် အပြည့်ဝ ရှိနေသည်ကို စာဖတ်သူများ သိနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိပြဌာန်းထားသော အခြေနေနှင့် များစွာကင်းလွတ်နေ
ကြောင်း သိသင့်ပေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်ခဲ့သူ ဒေါက်တာ မိုက်ကယ် အဲရစ်
 သည် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပေါင်းသင်းနေထိုင်နေခြင်း မရှိတော့သလို့ ကွယ်လွန်ဆုံးပါးသွားပြီ ဖြစ်ခြင်းကြောင့် ဥပဒေ ကြောင်းအရဆိုရသော် ဒေါ်အောင်ဆန်းစုကြည်
သည် လက်ရှိ လူပုဂ္ဂိုလ် နိုင်ငံခြားသားတစ်ဦးဦး၏ ကာမပိုင် ဇနီးသားမယား မဟုတ်ကြောင်း သိသာထင်ရှားလေသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နိုင်ငံခြား တိုင်းတပါးအစိုးရတခုခုတွင် မိမိယခင် နိုင်ငံသားဖြစ်မှုအား စွန့်လွှတ်၍ မိမိအား နိုင်ငံခြား တိုင်းပြည်တခုတွင် နိုင်ငံသားအဖြစ် လက်ခံရန် တင်လျောက်ထားခဲ့ခြင်းမျိုးလည်း မရှိသည့်အတွက် ဖေါ်ပြပါ အခြေခံဥပဒေနှင့်ကင်းလွတ်နေ၏။

အဆိုပါ (၅၉) စ ၏ ပြဌာန်းထားချက်များထဲတွင် “ မိမိ၏ တရားဝင် သားသမီးတဦးဦးသော်၎င်း နိုင်ငံ
ခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ” ဆိုသော အကြောင်းရာသည်လည်း အဖြေကရှင်းနေပါသည်။ အကြောင်းမှာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးလုံးသည် နိုင်ငံ
တကာ သတ်မှတ်ချက်အရသော်၎င်း ၊ မြန်မာပြည်တွင်း မှ အခြေခံဥပဒေ၏ ပြဌာန်းထားချက်အရ
သော်၎င်း ကင်းလွှတ်နေသည်ဟု စာရေးသူမှ ရှင်းလင်းစွာ မြင်ပါသည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် သားသမီး နှစ်ဦးစလုံးသည် မြန်မာပြည်တွင်း သတ်မှတ်ချက် အပိုင်းခြားအရဆိုရသော် ၄င်းတို့ နှစ်ဦးလုံးသည် အသက် (၂၁) သို့ ကျော်လွန်သွားပြီဖြစ်သည့်
အတွက် မိခင်၏ အုပ်ချုပ်ထိန်းကြောင်း သက်ဆိုင်မှုမှ ကင်းလွတ်သော ကာလသို့ ရောက်၇ှိနေပြီ
ဖြစ်လေ၏။ သို့ကြောင့် ၄င်းကောင်းတို့ နှစ်ဦးလုံး၏ ကိုယ်ပိုင် အခွင့်ရေးသည် မိခင်နှင့် တိုက်ရိုက်ပတ်သက်မှု တစုံတရာ မရှိတော့ပဲ တသီးတခြား လွတ်လပ်စွာ ဆုံးဖြတ် ခံစားပိုင်ခွင့်ရှိ
ကြောင်း လုပ်ထုံးဥပဒေ နည်းဥပဒေများတွင် အတိလင်း ပြဌာန်းထားလေသည်။

ထိုကြောင့် လက်ရှိ(၅၉) စ လုံးတွင် ပြဌာန်းထားချက်များသည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သက်ဆိုင်မှု ဥပဒေအရ မရှိသည့်အတွက် အခြေခံဥပဒေ ခုံရုံးသို့ အတိလင်း တင်သွင်း၍ ဖြေရှင်းနိုင်ပါသည်။

(ဂိုလ်ရှယ်လေး ထံမှ စာပိုဒ်ကို မျှဝေခြင်း ဖြစ်သည်။)