Friday, January 31, 2014

၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရန် ၉၀% ပြည်သူ့ ဆန္ဒ အကြံပြုလွှာပေးပို့ 

၂၀၁၄-၁-၃၁
ပြင်ဆင်ရေးကော်မတီကတော့ အစီရင်ခံစာတင်ပြီး သွားပါပြီ ကော်မတီက ထပ်မံလေ့လာသုံးသပ်
စရာရှိသေးတယ်လို့  စကားလမ်းကြောင်းထားပါတယ်။ခက်တာက ကော်မတီရဲ့သက်တမ်းကုန်ဆုံး
သွားပြီ ဖြစ်သောကြောင့် နောက်ထပ်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းမယ်လို့ လွှတ်တော်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

တတိုင်းပြည်လုံးက အကြံပြုလွှာတွေပေးပို့ တဲ့နေရာမှာ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းသောပြည်သူ
တွေက ပြင်ဆင်ရေးကို အကြံပြုကြတဲ့အတွက် အစီရင်ခံစာတင်ရင်လည်းတင်တာပဲရှိမယ်ဆိုတဲ့စကား
ထွက်ပေါ်လာတာဖြစ်ပါတယ်။ အများစုကပြင်ဆင်ဖို့  ကော်မတီကိုအကြံပြုခဲ့တာ အစီရင်ခံစာမှတ်တမ်း
ကိုလေ့လာရင်တွေ့ ရှိရမှာဖြစ်ပါတယ်။အစိုးရကတော့ ဘာဆက်လိမ်အုံးမလဲမသိသေးပါဘူး။

ဒီအခြေအနေတွေကို ကြိုမြင်ပြီး အမျှော်အမြင်ကြီးလှတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာဆွေးနွေးပွဲတွေမှာ လူထုရဲ့ ဆန္ဒသဘောထားတွေကို ကြိုတင်ရ
ယူထားခဲ့တာဖြစ်ပါတယ်။နဂိုထဲကလည်း အစိုးရနဲ့  တပ်မတော်ဟာ သိပ်မပြင်ချင်တာတွေ့ ရပါ
တယ်။ ၂၀၀၈ အခြေခံဥပဒေဟာ မပြင်လို့ မရပါဘူး ဒီဥပဒေကြီးဟာ ဒီမိုကရေစီစံနှုန်းနဲ့  လူ့ အခွင့်
အရေးများ တိုင်းရင်းသား ပြည်သူတွေဆုံးရူံးနေတဲ့ အခြေခံဥပဒေဖြစ်တဲ့အတွက် ပြင်ကိုပြင်ရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုအင်အားနဲ့ ပြင်မယ်လို့  ဆိုထားပါတယ်။

သမ္မတကြီးကိုယ်တိုင်က လွှတ်တော်မှာ ပြင်ဆင်ရေးကော်မတီဖွဲ့ ပြီး ပြင်ဆင်သွားမယ်လို့ ဆိုထားခဲ့
ပြီးပါပြီ၊သန့် ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်ရေး ဖော်ဆောင်မယ်လို့ ဆိုထားပြီး ပြည်သူ့ 
ဆန္ဒကို လျစ်လှူ့ ရှုလို့ မရပါဘူး။ ဒါက သဘာဝကျပါတယ် ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ခံပြည်သူ
အများက ပြင်ဆင်ဖို့ တောင်းဆိုလာတယ်ဆိုရင် မျက်ကွယ်ပြုလို့ မရပါဘူး။မျက်ကွယ်ပြုခဲ့ရင် ပြည်သူ့ 
ဆန္ဒကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်လေးစားသလဲဆိုတာ လွှတ်တော်မှာ
ပွဲကြီးပွဲကောင်းကြည့်ရသေးတာပေါ့ဗျာ။

ပြည်သူ့ ဆန္ဒကိုတောင်းခံခဲ့ပြီး ပြည်သူတွေက မိမိတို့ ရဲ့ ဆန္ဒအရှိကိုအရှိအတိုင်း ဖွဲ့ စည်းပုံပြင်ဆင်ရေး ကော်မတီကို ပေးပို့ ခဲ့ပြီးပါပြီ ပြည်သူ့ ဆန္ဒကို အကောင်အထည်ဖေါ်ရမှာက အစိုးရပဲကျန်ပါတော့
တယ်။မိမိတို့  တောင်ခံခဲ့တဲ့ ပြည်သူ့ ဆန္ဒကို အစိုးရက အလေးထားသလားမထားဘူးလားဆိုတာ
စောင့်ကြည့်ရမည်ဖြစ်သည်။