Thursday, January 23, 2014

EU Police Project အဖွဲ့ သည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ ဆုံ


ဇန်နဝါရီလ ၂၂ ရက်နေ့  နေ့ လည် ၁ နာရီ တွင် လွှတ်တော်ဝန်း အတွင်း ရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံး I-12 ဆောင်သို့  သံအမတ်ကြီး Mr.Roland Kobia ဦးဆောင်သော EU Police Project အဖွဲ့ သည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်တွေ့ ဆုံခဲ့ပါသည်။ အဆိုပါ EU Police Project အဖွဲ့ သည် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိပြုလုပ်လျှက် ရှိသော Project များ နှင့် စပ်လျှဉ်း ၍ ရှင်းလင်းတင် ပြကြပြီး၊ အကြံပြုချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။