Tuesday, September 24, 2013

MDCF ခေါင်းဆောင်ကိုထင်ကျော်က အမှတ်(၂)စက်မှုဝန်ကြီးသည် လူလိမ်လူညာဟုပြော

 ၂၀၁၃-၉-၂၄
 MDCFခေါင်းဆောင်ကိုထင်ကျော်က အမှတ်(၂)စက်မှုဝန်ကြီးသည် လူလိမ်လူညာတယောက်ဖြစ်သည်
ဟု မင်္ဂလာတောင်ညွန့်တရားရုံး၊ အင်းစိန်မှတရားရုံးထုတ်တွင် လူထုကိုထုတ်ဖေါ်ပြောဆို။

ဗိုလ်ချုပ်မှုးကြီးဦးသန်းရွေရဲ့မြေးတော်သူ၊ဖိုးလပြည့်ကို အမှတ်(၂)စက်မှုဝန်ကြီးက ဝင်းသူဇာ
ကိုငွေအများဆုံးဖြင့် တင်ဒါအောင်သွားပြီး၊ရရှိသွားခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးဦးသန်းရွေရဲမြေးဖိုးလပြည့်ဟာယဉ်ထိမ်းရဲကိုပါးရိုက်ထားတဲ့အမှုကို MDCF အဖွဲမှ   မြိုနယ်ပေါင်း(၂၁)မြို့ နယ်မှာ အမှုဖွင့်တိုင်ကြားထားပြီးဖြစ်ပါတယ် ဒီလိုရာဇဝတ်မှုကျူးလွန်ထားတဲ့သူ
က ဒီလိုလေလံတွေဆွဲလို့ရမလားလို့ပြောပါတယ်။ အမှတ်(၂)စက်မှုဝန်ကြီးက စာစောင်တခုမှာ ဖိုးလပြည်ကို ဦးသန်းရွေရဲ့မြေမှန်းမသိလို လေလံကိုပေးကြောင်း ဖြေရှင်းခဲ့ပါတယ် တကယ်တော့  ဝန်ကြီးဟာဖိုးလပြည့် လက်သံပြောင်တာသူတကယ်သိရှိလို့ ဒီလေလံကိုပေးလိုက်တာပါ။ဗိုလ်ချုပ်
တွေရဲ့ မြေးတွေအထိ ကြီးပွားချမ်းသာအောင် စီးပွားရေးသောင်းကျန်းနေကြလေတော့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီနိုင်ငံပြောင်းနိုင်ပါ့မလဲ ပြည်သူတွေကို လိမ်ညာလှည့်ပတ်ပြီး သန့် ရှင်းသောအစိုးရ၊စည်းကမ်း
ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ပြောနေတာ သူတို့ ချမ်းသာဖို့ အတွက် အတုအယောင် ဒီမိုကရေစီသာဖြစ်
တယ်။
 ယနေ့ အချိန်အထိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ်ဘာမှ မပြောင်းလဲသေးပါဘူး၊စစ်ဗိုလ်ချုပ်ကြီး
တွေဟာ ရာထူးမှအနားယူသွားသော်လည်း လည်ကောင်းတို့ အသိုင်းအ၀ိုင်းက ယနေ့ အထိ လုပ်စား
နေကြပြီး အစိုးရ၀န်ကြီးတွေကိုယ်တိုင်က အပေးအယူလုပ်နေတာတွေဟာ အာဏာရှင်စနစ်တုံးက
အတိုင်းရှိနေပါသေးတယ်။မြန်မာပြည်ရဲ့  လုပ်ငန်းထက်ဝက်ကျော်ကို ဗိုလ်ချုပ်အသိုင်းအ၀ိုင်းကချုပ်ကိုင်
ထားတာကိုတွေ့ ရပါတယ်။ပြည်သူတွေကတော့ ဆင်းရဲသတက်ဆင်းရဲလာနေပြီး နင်းပြားဘ၀ကနေ
မတက်နိုင်ဘဲဖြစ်နေပါတယ်။အာဏာရှင်စနစ်အမြစ်ပြတ်ဖို့  အာဏာရှင်မျိုးဆက်အစိုးရကို ဖြုတ်ချနိုင်မှ
သာ ပြည်သူတွေ ဘ၀တိုးတက်ပြီး စားဝတ်နေရေးနဲ့  ဘ၀လုံခြုံရေးအတွက် အာမခံချက်ရှိမည်ဖြစ်
သောကြောင့် MDCF ခေါင်းဆောင်ကိုထင်ကျော်ပြောတဲ့အတိုင်း လူလိမ်အစိုးရကို ဖြုတ်ချကြဖို့ 
ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။