Thursday, January 30, 2014

လက်ပန်းတောင်းတောင်ဖြိုခွဲခံရမှု (၁၄)လပြည့် ၀တ်ပြုဆုတောင်း


(၂၉.၁၁.၂၀၁၂) တွင် အကြမ်းဖက်ဖြိုခွဲခံခဲ့ရသော လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရမှု
သည် ယနေ့တွင် (၁၄) လပြည့်ခဲ့ပြီး ကျဆုံးခဲ့ကြသော ရဟန်းသံဃာများ၊ ဒေသခံပြည်သူ ပြည်သားများ အတွက် ၀တ်ပြုဆုတောင်း အမျှပေးဝေမှုကို ဒီမိုကရေစီအင်အားစုမှ ဆူးလေစေတီတော် ရင်ပြင်ပေါ်
တွင်ပြုလုပ်ခဲ့သည်။
ယင်းဆုတောင်းမှုအပြီးတွင် ဒီမိုကရေစီအင်အားစု၏ လက်ပန်းတောင်းတောင်အကြမ်းဖက်
 ဖြိုခွင်းခံရမှုနှင့် ပက်သက်၍ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပြီး မတရားထုတ်ပြန်ခဲ့သော
 ပုဒ်မ (၁၄၄) ရုတ်သိမ်းပေးရေး၊ အကြမ်းဖက်ဖြိုခွင်းသူနှင့် အမိန့်ပေးစေခိုင်းသူ ဖေါ်ထုတ်ပေးရေး၊ အများပြည်သူ ဆန္ဒသဘောမပါရှိသော လုပ်ရပ်ဟူသမျှ ရပ်တန့်ပေးရေး၊ ၀မ်ပေါင်ကုမ္ပဏီ ရပ်တန့်ပေးရေးနှင့်ြ ခံစည်းရိုးခတ်မှု ရပ်တန့်ပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။
The Myanma Age