Thursday, January 30, 2014

ဗိုလ်ချုပ် ဦးအုန်းမြင့်မှ နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမား(ပြည်သူ)များအား ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံမှု အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ





































၂၀၁၄-၁-၃၀
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်ကတော့ နိုင်ငံရေးသမာတွေကိုစိန်ခေါ်လိုက်ပါပြီ သူဟာဗိုလ်ချုပ်
တယောက်ဖြစ်တယ်။ဘယ်နိုင်ငံရေးသမား ဘယ်ပါတီမှ မကြောက်ဘူး ကျွန်တော်အခုမှနိုင်ငံရေးစကား
စပြောတာဘဲ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရအပေါ်ဆော်ကားတဲ့ကောင် တွယ်မှာဘဲ၊ပါးစပ်
နဲ့ တွယ်လို့ မရရင် အချုပ်ထဲထည့်မှာဘဲ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးတယ်လို့  ဆိုပါတယ်။

မသိလို့ မေးပါရစေ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီလို့ ပြောတယ်။ဗိုလ်ချုပ်ရာထူးထမ်းဆောင်ရင်း ၀န်ကြီးတက်လုပ်နေတာလား ဘာကြောင့် ဗိုလ်ချုပ်အုန်းမြင့်လို့ သုံးနေရတာလဲ ဗိုလ်ချုပ်ရာထူးကို အသုံးချပြီး ပြည်သူတွေကိုချိန်းချောက်နေတာ
လား။ နိုင်ငံရေးသမားဆိုတာ(ပြည်သူ)ပါဘဲ၊ပြည်သူ့ အကျိုးကိုဆောင်ရွက်သူတွေပါ။
ပြည်ထောင်စုဝန်ကြီးက (၀န်ကြီးဌာနတစ်ခုကို)တာဝန်ယူထားပါတယ်။ အစိုးရအဆင့်မြင့်ဝန်ကြီးဌာန
၏ ၀န်ကြီးတွေဟာ ဗိုလ်ချုပ်ဆိုပြီးချိန်းချောက်ကာ ပြည်သူတွေကို ရင့်သီးတဲ့ အာဏာအရှိန်အ၀ါကို
သုံးပြီး ပြည်သူတွေ နိုင်ငံရေးသမားတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာဟာ ဒီမိုကရေစီ
ကျင့်စဉ်တွေနဲ့ မညီညွတ်ပါဘူး။ အာဏာကို အလွဲသုံးစားပြုလုပ်တာဖြစ်တယ်။ဒီမိုကရေစီမှာ အာဏာ
ဟာ ပြည်သူ့ ထံမှ ဆင်းသက်ရမည်ဟုဆိုထားပါလျှက် ဗိုလ်ချုပ်အုန်းမြင့်ကွ အစိုးရကိုဆန့် ကျင်ရင်
ထောင်ထဲပို့ မည်ဟု ချိန်ခြောက်ခြင်းသည် အာဏာရှင်အငွေ့ အသက်တွေဖြစ်တယ်။ပြည်သူတွေကို
လည်းဆော်ကားရာ ရောက်နေပါတယ်။အစိုးရက နှစ်ရှည်ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမာတွေကို
လွတ်ငြိမ်ချမ်းသာခွင့်ပေးနေချိန်၊ တိုင်းပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာက
 စောင့်ကြည့်နေချိန်မှာ အစိုးရ၀န်ကြီးရဲ့  ပြောဆိုမှုကြောင့် နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်စေသလို၊
အစိုးရဲ့ ဂုဏ်သိက္ခာလည်းထိခိုက်စေပါတယ်။
ဒီမိုကရေစီ နိုင်ငံတွေမှာဆို  ၀န်ကြီးတစ်ဦးက ပြည်သူတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့ရင် ပြည်သူ
တွေက အစိုးရကိုဝိုင်းဝန်းကန့် ကွက်ကြပြီး အစိုးရ၀န်ထမ်း ၀န်ကြီးနေရာကနေ ဖယ်ရှားပေးရတဲ့ သာဒကတွေအများကြီးရှိပါတယ်။အစိုးရတရပ်၏ ဂုဏ်သိက္ခာနဲ့  ညီညွတ်တဲ့ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ
ယဉ်ကျေးမှုအလေ့အထတွေ တိုးပွားစေဖို့  ၀န်ကြီးတွေကို သင်တန်းပို့ ချဖို့ လိုအပ်ပြီလို့  ထင်မြင်မိ
ပါတယ်။

မြသိန်း