Friday, January 31, 2014

ပါတီယူနစ်ရုံးများကို ရောင်းစားထားသောငွေများ စာရင်းရှင်းရန် တစညပါတီမှ ဦဟန်ရွှေကို မဆလ ပါတီဝင်ဟောင်းများ တောင်းဆို


(နေပြည်တော်သတင်း)

ပါတီယူနစ်ရုံးများကို ရောင်းစားထားသောငွေများ စာရင်းရှင်းရန် တစညပါတီမှ ဦဟန်ရွှေကို မဆလ ပါတီဝင်ဟောင်းများ တောင်းဆိုနေကြကြောင်း နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာပါတယ် ၊

အရင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတာ ပြည်သူ့ပါတီပါ ၊ တစ်ပါတီထဲရှိခဲ့တဲ့ ပြည်သူ့ပါတီပါ၊ ကျနော်တို့က ပါတီ့မိတ်ဆွေ အရန်ပါတီဝင် တင်းပြည့်ပါတီဝင် ဘဝ နဲ့ ပါတီတာဝန်တွေကို ကျရာ ထမ်းခဲ့တဲ့သူတွေပါ ၊ ပါတီကပေးတဲ့ တာဝန်တွေကို စွမ်းစွမ်းတမံလုပ်ခဲ့ပါတယ် ၊ ဦးနေဝင်းကို သဘောမကျပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာ လူမှုရေးတွေ လုပ်ချင်လို့ အဲဒီပါတီကိုဝင်ခဲ့တာပါ ၊ ပါတီကို ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ထူထောင်ထားတာပါ ၊ ပါတီပိုင်မြေ ပါတီပိုင်စက်ရုံ ပါတီပိုင်အဆောက်အဦး ပါတီပိုင်ယာဉ်စက်ပစ္စည်းတွေအများကြီးရှိပါတယ် ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင် ပစ္စည်းတွေ အားလုံးဟာ တကယ်တော့ ပြည်သူပိုင်ပစ္စည်းတွေ ဖြစ်ပါတယ်။

၁၉၈၈ နောက်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ် ၊ ကျနော်ကတော့ ၈၈အရေးအခင်း ကတည်းက ပါတီထဲက
 စုပေါင်း နှုတ်ထွက်တဲ့ အထဲမှာ ပါခဲ့ပါတယ် ၊ အဲဒီတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို တာဝန်ယူနေတဲ့ သူတွေကို ပါတီလက်ထဲရောက်နေတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဘယ်လို လုပ်မလဲစောင့်ကြည့်နေတာ နှစ် အစိတ်ကျော်လာပါပြီ ၊ ဘာမှ မလုပ်ပဲ ချော်လဲရောထိုင် ရူးချင်ယောင်ဆောင်နေကြတာပဲ တွေ့ပါတယ်။

နမူနာပြရမယ်ဆိုရင် ယောက်လမ်းထိပ်က အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း အဆောက်အဦး
နေရာဟာ အရင်က ဒဂုံမြို့နယ် ပါတီယူနစ်ရုံးနေရာပါ ၊ ရွှေ့ဂုံတိုင်လမ်းဆုံက အဆောက်အဦးတွေ ဆောက်ထားတဲ့ ဝင်းကြီးဟာလည်း ဗဟန်းမြို့နယ် ပါတီ ယူနစ်ရုံးနေရာပါ ၊ကမ်းနားလမ်းနဲ့ သိမ်ဖြူ
လမ်းဒေါင့် က နေရာကြီးဟာလည်း ပါတီရဲ့ ပိုင်ဆိုင်မှုပါ ၊ မြန်မာနိုင်ငံအနှံ့ ပါတီပိုင်ဆိုင်မှုတွေ အများကြီးရှိခဲ့ပါတယ်။

ကျနော်အခုပြောချင်တာက ၂၀၁၅ မတိုင်ခင် မဆလ တဖြစ်လဲ တစည ပါတီ အမဲစက်ကြီး ကို ဖျောက်သင့်ပါတယ် ၊ ပြည်သူပိုင်ပစ္စည်းတွေကို ပြည်သူ့လက်ထဲပြန်အပ်ပါ ၊ အခုမြန်မာပြည်
အနေအထားက ၁၉၈၈ ကထက် နိမ့်ကျနေပါတယ် ၊ ပညာရေး ကျန်းမာရေး အရမ်းဆိုးရွားနေ
ပါတယ် ၊ ပြည်သူပိုင်ပစ္စည်းတွေကို ပြည်သူ့လက်ထဲ ပြန်ပေးတာ အကောင်းဆုံးပါ ၊ ဒီကိစ္စကို 
တစည ပါတီက ဦးဟန်ရွှေ အမြန်ရှင်းပေးပါလို့ တောင်းဆိုချင်ပါတယ်။

မဆလပါတီဝင်ဟောင်းနှင့် တယ်လီဖုန်းဖြင့် အင်တာဗျူးခဲ့ခြင်းဖြစ်သည်။

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်ပါသည်။


Credit to Hawdeka Khalaylay