Friday, January 31, 2014

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တိုင်းရင်းသားမီဒီယာများ လာရောက်တွေ့ ဆုံ

၂၀၁၄-၁-၃၁
ဇန်န၀ါရီလ ၃၁ ရက်နေ့ ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမွန်းလွဲ ၄ နာရီ ၃၀
မိနစ်ခန့် တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တိုင်းရင်းသားမီဒီယာများမှ လာရောက်တွေ့ဆုံမေးမြန်းကြရာ ပြည်သူ့လွှတ်တော် ဥက္ကဌ ရု့းံခန်းတွင် လက်ခံတွေ့ဆုံခဲ့ကြသည်။လက်ခံတွေ့ဆုံရာတွင် တိုင်းရင်သားမီဒီများမှ ဦးစွာ မိတ်ဆက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့်
ပါတ်သက်သည့်မေးခွန်းများ၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပါတ်သက်သည့်မေးခွန်းများ၊ပြည်ထောင်စုနှင့်ပါတ်သက်သည့်မေးခွန်းနှင့် သဘောထားများ၊ပြည်ထောင်စုတပ်မတော်နှင့်
ပါတ်သက်သည့်မေးခွန်းများ၊လူငယ်နှင့်ပါတ်သက်သည့်မေးခွန်းများ၊ပညာရေးနှင့်ပါတ်သက်သည့်
မေးခွန်းများကိုမေးမြန်းကြရာ သူရဦးရွှေမန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ဖြေကြားပြီးနောက် အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။