Thursday, January 16, 2014

တိုင်းရင်းသားပြည်သူလူထုအားကိုယ်စားပြုသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့လာသုံးသပ်သည့် အကြုံပြုစာတမ်းအား အဖွဲ့ချုပ်မှပူးပေါင်းကော်မတီသို့ တင်သွင်း

၂၀၁၄-၁-၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူလူထုထံသို့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ပတ်သတ်သည့် ရှင်းလင်းဟောပြောပွဲများကို ခရိုင်ပေါင်း(၆၀)၊ မြို့နယ်ပေါင်း(၂၆၇) မြို့နယ်တို့တွင် ပြုလုပ်ခဲ့ရာ တိုင်းရင်းသားပြည်သူလူထု၏(၉၇)ရာခိုင်နှုန်းသည် လက်ရှိဖွဲ့စည်းပုံအားပြင်ဆင်လို
ကြောင်း တွေ့ရှိရသည်။ ထိုအပြင် တိုင်းရင်းသားပြည်သူလူထုထံမှရရှိခဲ့သည့် ဆန္ဒသဘောထားများကို အဖွဲ့ချုပ်အနေဖြင့် ပူးပေါင်းကော်မတီသို့ အကြုံပြုစာတင်သွင်းရာထည့်သွင်းတင်ပြခဲ့သည်။ အဖွဲ့ချုပ်၏၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လေ့လာသုံးသပ်အကြံပြုချက်စာတမ်းအား မူလဖော်ပြချက်နှင့် ပြင်ဆင်(သို့) ပယ်ဖျက်သည့်အချက်နှင့် အဘယ်ကြောင့်ပြင်ဆင်လိုသည်၊ပယ်ဖျက်လိုသည်အား ရှင်းလင်းသည့် ကျိုးကြောင်းဖေါ်ပြချက်ပုံစံဖြင့် စုစုပေါင်းအကြုံပြုချက်၁၆၈ချက် 
ကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့တင်သွင်းခဲ့သည်။