Thursday, January 16, 2014

၂၀၀၈ ဖွဲ.စည်းပုံသည် ပြည်သူတို့၏ ဆန္ဒသဘောထားများကို လစ်လျှုရှုခဲ့သည်ဟု သူရဦးအောင်ကို ပြောကြား

၂၀၁၄-၁-၁၆
၂၀၀၈ ဖွဲ.စည်းပုံသည် ပြည်သူတို့၏ ဆန္ဒသဘောထားများကိုလစ်လျှုရှုကာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်
၏ အမိန့်ပေးခိုင်းစေမှုဖြင့်ရေးဆွဲပြဌာန်းခဲ့သော ဖွဲ.စည်းပုံဖြစ်ကြောင်း ဗူးပေါ်သလို ပေါ်ပြီ။

" ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ သမ္မတလောင်း အရည်အချင်းတွင် စစ်ရေးအမြင် ရှိရမည်ဟု ပြဋ္ဌာန်းထားခြင်းနှင့် ပတ်သက်၍“သမ္မတလောင်း အရည်အချင်း သတ်မှတ်ချက်မှာ စစ်ရေးအမြင် ရှိရမယ်ဆိုတာ ပြည့်စုံမှုမရှိဘူး။ ကာကွယ်ရေး အမြင်ဆိုရင် ပိုမိုသင့်လျော်နိုင်မယ်လို့ ယူဆပါတယ်။ နိုင်ငံတစ်ခုကို ကာကွယ်တဲ့
နေရာမှာ စစ်ရေးအမြင် သာမကဘဲ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊သံတမန်ရေးရာ အမြင်စတဲ့ နည်းမျိုးစုံနဲ့ ကာကွယ်နိုင်ပါတယ်။ စစ်ရေးအမြင်က နည်းဗျူဟာကို ကိုယ်စားပြုပြီးတော့ ကာကွယ်ရေး အမြင်ကတော့ မဟာဗျူဟာကိုကိုယ်စားပြုတယ်” ဟုသူရဦးအောင်ကိုက ဆိုသည်။

“စစ်ရေးအမြင် တစ်ခုတည်းနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းအောင်၊ အေးချမ်းအောင် မစွမ်းဆောင် နိုင်ဘူးဆိုတာဒီနေ့ဖြစ်စဉ်တွေအရ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ပြည်တွင်းစစ် မြန်မြန်ပြီးဆုံးဖို့ဆိုရင် နိုင်ငံရေးအမြင်နဲ့စစ်ရေးအမြင် ပေါင်းစပ်စီမံနိုင်တဲ့ ခေါင်းဆောင်ဘယ်နှစ်ဦးပေါ်ပေါက်ခဲ့ပြီလဲ ရှင်းနေပါတယ်” ဟုသူရဦးအောင်ကိုက ဖြည့်စွက်ပြောကြားခဲ့သည်။

Posted by Nga Thant.