Friday, January 31, 2014

အစိုးရအဖွဲ့ ၏ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် နိုင်ငံရေးသမား(ပြည်သူ)တွေအပေါ် အာဏာအလွဲသုံးစားလုပ် ခြိမ်းခြောက်ခြင်းသည် ဥပဒေချိုးပေါက်ခြင်းဖြစ်သည်

၂၀၁၄-၁-၃၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောကြား ခဲ့သည်များကို ၂၀၁၄ ဖေဖော်ဝါရီလ ၁ ရက်ထုတ် အတွဲ ၃၊ အမှတ် ၁၃ ယူနတီ အပတ်စဉ် သတင်းဂျာနယ်တွင် ““မည်သည့် နိုင်ငံရေးသမားကိုမှ ဂရုစိုက်စရာမလို၊ အစိုးရကို ဆန့်ကျင်ပါက ထောင်ထဲပို့မည် ဟု ပြည်ထောင်စုဝန်ကြီးဆို”” ခေါင်းစဉ်ဖြင့် ယခုကဲ့သို့ ရေးသား ဖော်ပြခဲ့သည်။
 ထိုကဲ့သို့ ပြောကြားမှုများမှာ ““ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ နိုင်ငံရေးစကား စပြောတာအခုမှ။ နိုင်ငံရေးစကား ဆိုတာ တက်နေတဲ့ အစိုးရ အပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်””စသည်ဖြင့် ရေးသား ဖော်ပြထားသည်။ ထို့ပြင် ““ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး ပြော
ဆိုခဲ့ပါတယ်။

ထိုသို့  နိုင်ငံရေးသမား(ပြည်သူ) တွေကိုရိုင်းစိုင်းစွာပြောဆိုခဲ့သော  မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်
ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် မိမိပြောဆိုသော စကားကိုတာဝန်
ယူရမည်ဖြစ်ပြီး နိုင်ငံ၏ အစိုးရအဖွဲ့ တွင် ပါဝင်သော ၀န်ကြီးနေရာယူထားသူ အကြီးအကဲတစ်ဦးမှ
ပြည်သူနှင့် ပြည်သူအကျိုးဆောင်ရွက်နေသော နိုင်ငံရေသမား(ပြည်သူ)များကို ဆော်ကားပြောဆိုခြင်း
သည် အစိုးရအဖွဲ့ အား တိုက်ရိုက်ထိခိုက်စေသလို နိုင်ငံ၏ဂုဏ်သိက္ခာလည်းကျဆင်းစေသည့်အပြင်
ဝန်ကြီးအဖွဲ့ ၏ ဂုဏ်ကိုလည်းညှိုးနွမ်းစေခဲ့သည်။ အရပ်ဝတ်ဝတ်ပြီး ဗိုလ်ချုပ်ဟု အမိန့် ပေးပြီး ပြည်သူကို
ခြိမ်းခြောက်နေသည်မှာ အာဏာကို အလွဲသုံးစားလုပ်သောကြောင့် ဥပဒေချိုးဖေါက်ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ယခုလိုဝန်ကြီး၏လုပ်ရပ်ကို ထိရောက်စွာအရေးယူသင့်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အနေဖြင့် မိမိ၏ ရိုင်းစိုင်းစွာ ပြောဆိုခဲ့မှုအပေါ် ပြည်သူလူထုအား
ဖြေရှင်းသင့်သည်။ ထိုကိစ္စနှင့်ပါတ်သက်ပြီး ၀န်ကြီးဌာနသို့  ဆက်သွယ်မေးမြန်းခဲ့ရာ မန္တလေးတိုင်း
တောင်သာမြို့  ဒေသခံများနှင့်တွေ့ ဆုံရန် ခရီထွက်သွားသည်ဟု  ၀န်ကြီးဌာနအဖွဲ့ ဝင် တစ်ဦးက ဖြေကြားခဲ့သည်။မိမိကိုင်ဆောင်ထားသော လက်ကိုင်ဖုံး ၃ လုံးကို ၃၀ရက်နေ့ ကဆက်သွယ်ခဲ့သော်
လည်း ဆက်သွယ်၍မရရှိခဲ့ပေ။ထိုသို့  တိမ်းရှောင်နေခြင်းသည် ပြဿနာကို ပို၍ကြီးထွားစေပြီး
မိမိ၏လုပ်ရပ် မှားယွင်းမှုရှိ၍ မဖြေကြားလိုသောကြောင့်ဖြစ်သည်ဟု ယူဆနိုင်သည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့်လည်း ပြည်သူအား ရိုင်းစိုင်းစွာပြုမူခဲ့ခြင်းအား ထိရောက်စွာ
ဆောင်ရွက်သင့်သည်။သန့် ရှင်းသောဒီမိုကရေစီအစိုးရအနေဖြင့် လွှတ်တော်တွင် ကြမ်းကြိမ်၍
 ကြားနား ခေါ်ယူစစ်ဆေးသင့်ပါသည်။ထိုသို့ ဆောင်ရွက်မှုသည် ဒီမိုကရေစီ၏အလေ့အထတစ်ခု
ဖြစ်ပြီး ပြည်သူများအား ၀န်ချတောင်းပန်သင့်သည်။ မိမိတို့ အစိုးရအဖွဲ့ မှဝန်ကြီးအား ပြစ်မှုထင်ရှား
ပါက အရေးယူဆောင်ရွက်ရန် အစိုးရတွင်တာဝန်ရှိသည်။အစိုးရအနေဖြင့်ထိုသို့ လုပ်ရပ်ကို လျှစ်ဟင်းမှုရှိခဲ့ပါက အလိုတူအလိုပါ ကြံရာပါတရားခံဖြစ်လိမ့်မည်။

မြသိန်း