Tuesday, December 24, 2013

လွတ်လပ်ရေးနေ့နှင့် ပက်သတ်၍ ကျေးဇူးတော်ရှင် ဆရာတော်၏ မိန့်ကြားချက်


မစိုးရိမ်တိုက်သစ်၊ ဒီဇင်ဘာ ၂၄
=======================
ဟိုတုန်းက လွတ်လပ်ရေးနေ့ဆိုရင် မင်းတို့ နန်းတော်ထဲမှာ တံခါးမရှိ ဓားမရှိ ၀င်လို့ရတယ်၊ အခုတော့ ၀င်လို့ရသေးလား မသိပါဘူး (မရတော့ပါဘုရား) ဘာမှ အစစ်အဆေးမရှိ၊ ဒို့ လွတ်လပ်ရေးကျောင်းတိုက်ကလဲ နန်းတော်ထဲမှာ ရှီတာကိုးကွ၊ နန်းတော်ဝင်းကြီးထဲမှာ ရှီတော့ ဘာပဲဖြစ်ဖြစ်ပေါ့၊ ကိုယ့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လုပ်ထားတဲ့ ကျောက်တိုင် လူငယ်တွေ သွားသွားပြီးတော့ လေ့လာကြတယ်ပေါ့။

အဲဒီကျောက်တိုင်မှာ မင်းတို့ ပထမဦးဆုံး စာလုံးတလုံးရေးထားတယ်၊ ဂငယ်ရရစ် လုံးကြီးတင် ဆံခတ်ပြီးတော့၊ အဲဒီ ဂငယ်ထဲမှာ အပြောက်ကလေး ချထားတယ်၊ ဒါ ကျောင်းသူကျောင်းသားတွေ
 ရော ဘာရော ဘာဖတ်လို့ ဖတ်ရမှန်းမသိဘူး၊ ဟုတ်လား၊အေး အဲဒီဥစ္စာ ဂငယ်ရရစ် ဂငယ်ထဲ အပြောက်ကလေးထည့် လုံးကြီးတင် ဆံခတ်၊ အဲဒါကို ဘာဖတ်လို့ ဖတ်ရမှန်းမသိဘူး၊ “ရှရီ”လို့
 ပြောတာ၊ ကျက်သရေရှိပါစေသတည်းပေါ့၊ သက္ကတစာလုံး၊ အဲဒါကို “ရှရှီ”လို့ ဖတ်ရတယ်ဆိုတာကို တက္ကသိုလ်ကျောင်းသူကျောင်းသားတွေလဲ မသိဘူး၊ မသင်ဘူးပဲကိုး၊ မသင်ဘူးတော့ မသိဘူးပေါ့၊
အဲဒါ မင်းတို့ ဗလာစာအုပ်တွေမှာလဲ ဟိုအရင်ကတော့ ရှေ့ဆုံးက ထည့်တတ်တယ်၊ အဲဒါ ရှရှီ-ကျက်
သရေ ရှိပါစေသတည်းဆိုတဲ့ အဲဒီ အဓိပ္ပါယ်နဲ့ ထည့်ထားတယ်။


အဲဒီ လွတ်လပ်ရေးနေ့ မင်းတို့ ဟိုတုန်းကတော့ နန်းတွင်းထဲမှာ သွားပြီးတော့ လျှောက်လည်ကြတယ်၊ နန်းတွင်းထဲမှာ မင်းညီမင်းသားတွေ ကလေးတွေပေါ့ကွာ၊ ရေချိုးတဲ့ ရေကန်လေးတွေ ရှိတယ်၊ အထူးအဆန်း ထင်မနေပါနဲ့၊ ဘာမှ မထူးပါဘူး၊ အပြင်မှာ ရှိတဲ့ ရေကန်တွေလိုပဲ ဘာမှ မထူးဘူး၊ အဲဒါလေးတွေ ဟိုမှာ ဒါက မင်းညီမင်းသားတွေ ရှင်ဘုရင်လက်ထက်တုန်းက ဒီနေရာဟာ မင်းညီမင်းသားတဲ့ ရေကစားတဲ့နေရာ၊ ဘုတ်တလုပ်ကန်လို့ ခေါ်တယ်၊ အဲဒါလေးတွေ လျှောက်ပြီး
aတာ့ ကြည့်ကြတယ်၊ အဲဒါ အခုတော့ ၀င်ရ/မရ ငါလဲ မသိဘူး။

အေး လွတ်လပ်ရေးရတာကလဲ ဒို့ဗမာပြည်မှာ မင်းတို့ ဇန်န၀ါရီ (၄)ရက်ဆိုရင် (၅၉)နှစ် တင်းတင်း ပြည့်သွားပြီ၊ (၁၉၄၈-၂၀၀၇)၊ အဲဒီလွတ်လပ်ရေးရတဲ့ နှစ်ပေါင်း(၅၉)နှစ် (၆၀)နီးပါးရှိပြီ၊ ဒါပေမယ့် ဒီဗမာပြည် ဖွံ့ဖြိုးတိုးတက်မှုကတော့ အင်မတန်ကို နဲပါတယ်။
အဲဒါ ဘာကြောင့်လဲဆိုရင် လူထုတွေ အသိညာဏ်နဲတယ်၊ ဗမာပြည်တပြည်လုံးက အသိညာဏ်က သိပ်နဲတယ်၊ သိပ်နဲတဲ့အတွက် သူများနိုင်ငံတွေ ဘာဖြစ်နေတယ်၊ ဘယ်လို တိုးတက်နေတယ်၊
အဲဒါတွေ ဘာမှ မလေ့လာကြဘူး၊ မလေ့လာတော့ ဘာဖြစ်တုန်း? အချင်းချင်း ရန်ဖြစ်ပြီးတော့
 နေတယ်၊ အဲဒီလို ရန်ဖြစ်နေတဲ့အတွက် ဒီဗမာနိုင်ငံ မတိုးတက်တာ။

တကယ်သာ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်တည်ထောင်မယ်ဆိုရင် ဒို့ မြန်မာနိုင်ငံ အလားအလာ အင်မတန်ကောင်းတာပဲ၊ သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ရုံတင်မကဘူး၊ ထိပ်တန်းကနေ
 ဖြစ်နိုင်တဲ့ နိုင်ငံ၊ အဲဒါ မညီညွတ်တဲ့အတွက် သူများနိုင်ငံလောက် မဖွံ့ဖြိုးမတိုးတက်ဘူး၊ အေး ညီညွတ်ရေးဆိုတာ အင်မတန်လိုတယ်၊


၂၀၀၇ခုနှစ်-သြ၀ါဒ
==============
ကျေးဇူးတော်ရှင်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး