Tuesday, December 24, 2013

တပ်မတော် တပ်ရင်း ၄၂ မှ သိမ်းဆည်းထားသော လယ်ယာမြေများအား လယ်ပိုင်ရှင်များ ပြန်လည်ရရှိရေး တောင်းဆို

၂၀၁၃-၁၂-၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ရွှေဘိုမြို့ရှိ တပ်ရင်း ၄၂ မှ သိမ်းဆည်းထားသော လယ်ယာမြေများအား လယ်ပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်ရန် တောင်းဆိုလိုက်ခြင်း။

တပ်မတော်မှ သိမ်းဆည်းခံထားရသော လယ်ယာမြေများကို မူလပိုင်ရှင် လယ်သမားများထံ ပြန်လည်ပေးအပ်ပါရန် ဒေသခံ တောင်သူများက တောင်းဆိုလိုက်ပါသည်။

ပထမအကြိမ် ၁၉၈၁ ခုနှစ်၊ ၀န်းကျင် ကွင်းအမှတ် (၂၉၅၆)၊ ရှိ လယ်မြေ ဧကပေါင်း ၅၁.၈၁ ဧက သိမ်းဆည်းခဲ့ပြီး နောက်ထပ် တဖန် ဒုတိယအကြိမ် ၁၉၉၅ ခုနှစ်မှာ ကွင်းအမှတ် (၂၉၅၅)၊ ရှိ လယ်မြေဧကပေါင်း ၉၁.၂ ဧက သိမ်းဆည်းပြီး အကြောင်းပြချက်ကတော့ " တပ်ရိက္ခာ " အတွက် စပါးစိုက်ပျိုးရန် ဖြစ်သည်။ ၄င်း ကိစ္စနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် နစ်နာမှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ ၂၁၊ ၆၊ ၂၀၁၃ ရက်နေ့နှင့် ၂၁၊ ၁၀၊ ၂၀၁၃ ရက်နေ့တွင် တိုင်တန်းခဲ့သော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိသည်ကို သိရှိရပါသည်။

တာဝန်ရှိသူများမှလည်း ကွင်းဆင်းဆောင်ရွက်ပေးပါရန် ဗဟို တောင်သူလယ်သမားရေးရာကော်မတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ထံ အကူအညီ တောင်းထားကြောင်း သိရှိရပါသည်။

အေးမြမြလွင် (ချင်းတွင်းမင်းသမီး)
မုံရွာ