Tuesday, December 24, 2013

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရန် ထုတ်ဖော်ပြောကြားခြင်းအား သတိကြီးစွာဖြင့် ကြိုဆို


၂၀၁၃-၁၂-၂၄
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရန်လိုအပ်ကြောင်း
ထုတ်ဖော်ပြောကြားလာတာကို သတိကြီးစွာနဲ့  ကြိုဆိုလိုက်ပါတယ်။
တပ်မတော်အနေနဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေးကိုအကြံပြုတာကို လက်ခံပင်မဲ့ အကြံပြုထားတဲ့ ၁၅ ချက်ထဲမှာ
တကယ်ပဲ ဒီမိုကရေစီစံနှုန်းတွေနဲ့  လူ့ အခွင့်အရေးရှု့ ဒေါင့်မှ အလေးထားအကြံပြုထားသလားဆိုတာ
ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးတဲ့အတွက် ပြည်သူတွေယုံကြည်ဖို့  စောသေးပါတယ်။
အဓိကကတော့ တပ်မတော်ဟာ လွတ်လပ်ရေးသမိုင်းမှာ အစဉ်လာကြီးမားပြီး တပ်မတော်ကို မွေးဖွား
ပေးခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လေးစားဂုဏ်ပြုသောအားဖြင့် စစ်တပ်ဟာ
တိုင်းပြည်ကာကွယ်ရေးအတွက် အဓိကဖြစ်သင့်ပါတယ်။တိုင်းပြည်ရဲ့ အခြေအနေမတည်ငြိမ်လို့ ဆိုရင်
လည်း ယခုအချိန်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်တဲ့အတွက်
လွှတ်တော်မှာ ဒီမိုကရေစီနည်းအရ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်နဲ့  ပြည်သူကရွေးချယ်ထားခြင်း
မရှိတဲ့ တပ်မတော်သားများ နေရာယူပြီး ငုတ်တုတ်ကြီးထိုင်နတာဟာ တိုင်းပြည်အတွက်နစ်နာ
သလို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အနှောက်အယှက်ဖြစ်စေပါတယ်။ တပ်မတော်သား
များ လွှတ်တော်မှာ ထိုင်နေတဲ့ပုံတွေ ကမ္ဘာအနှံပြန့် နှံနေတာကြောင့် ဒီမိုကရေစီနိုင်ငံတွေက
ကြည့်မယ်ဆိုရင် ပျက်ရယ်ပြုစရာဖြစ်နေသလို နိုင်ငံဂုဏ်သိက္ခာလည်းကျဆင်းပါတယ်။

နိုင်ငံတော်မှ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေပါတယ်ဆိုပြီး ပုံတွေမှာတပ်မတော်သားတွေ အိပ်ငိုက်နေတာဟာ တိုင်းပြည်အတွက်အလုပ်လုပ်နေတယ်လို့  ဘယ်သူမှမထင်ပါဘူး။လွှတ်တော်ကို ထိမ်းချုပ်ဖို့ အတွက် လွှတ်တော်မှာ ပြည်သူ့ ဆန္ဒမပါပဲ နေရာယူထားတယ်လို့ ပဲ ပြည်သူတွေက မြင်ကြပါတယ်။စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို မြန်မြန်ရောက်ရှိနိုင်ဖို့ နဲ့ တပ်မတော် ဂုဏ်သိက္ခာရှိစေဖို့ အတွက် ဖွဲ့ စည်းပုံပြင်ဆင်ရေးအကြံပြုတင်ပြတဲ့ နေရာမှာ ဒီမိုကရေစီနည်းနဲ့ အညီ
 ဖြစ်စေဖို့  အမြန်ဆုံးလွှတ်တော်ကနေ နေရာဖယ်ပေးပြီး စစ်တမ်းလျားကို ပြန်မည်ဟု အကြံပြုရန်
လိုအပ်ပါတယ်။တပ်မတော်ဟာ တိုင်းပြည်ကာကွယ်ရေးမှ ပြည်သူ့ အကျိုးကို သယ်ပိုးတဲ့ တပ်မတော် ဖြစ်လာစေဖို့  ကာကွယ်ရေးဦးစီးချုပ်မှာတာဝန်ရှိပြီး ပြည်သူလေးစားသော တပ်မတော်အဖြစ်ပြန်လည်
ရရှိအောင် ယခုအချိန်ဟာ စစ်တမ်းလျားကိုပြန်ဖို့  အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

မြသိန်း