skip to main |
skip to sidebar
၂၀၁၃-၁၁-၁၅
လက်ပံတောင်းတောင် မိုးကြိုးပြင်ရွာသပိတ်စခန်းကို မနေ့ည ၈ နာရီက ရဲအင်အား ၅၀၀ကျော်နဲ့ ၀င်စီးပါတယ်။ဒုတိယအကြိမ် ၁၂း၄၅မှာ ဒုတိယအကြိမ်ဝင်စီးပါတယ်။ သေနတ်၂၇ ချက်ပစ်ဖောက်ပြီး ရွာသား ၇ ယောက်သေနတ်မှန်ပါတယ်။ကိုးဖိုးစီ၊ကိုသက်မောင်၊ကိုဘိုနီ၊မအေးသန်း၊ကိုစိုးပြည့်အောင်၊ ကိုထွန်းအေး။ကိုအုန်းမှိုင်းတို့ဖြစ်ပြီး မနော်ကလေးဂွမှန်ပါတယ်။ ၁၄ နှစ်သားတစ်ဦးသေနတ်မှန်တာ ထဲမှာပါတယ်လို့ဆိုပါတယ်။ဒဏ်ရာရသူတစ်ချို့ ရွာထဲမှာရှိနေတာကို ညျှိနှိုင်းကယ်ထုတ်သင့်ပါတယ်။
မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ဘာသာရေး၊လူမျိုးရေး ပြဿနာတခုတည်းမဟုတ်ဘဲ လက်ပံတောင်းတောင်လို စစ်အစိုးရက လက်မှတ်ထိုးချုပ်ဆိုခဲ့တဲ့ စီမံကိန်းပြဿနာ၊လယ်ယာမြေသိမ်း ယူမှုပြဿနာ၊အလုပ်သမားအခွင့်အရေးပြဿနာ၊စီပွားရေးဇုံမြေယာမတရားမှု ပြဿနာ စသည့်ပြဿနာ မျိုးစုံရှုပ်ထွေးနေလေသည်။ထိုပြဿနာများကို ပြေလည်အောင်ဖြေရှင်းပေးခြင်းမရှိသေးဘဲ နိုင်ငံတကာမှ ရင်းနှီးမြုတ်နှံမှုများကို ဆောင်ရွက်ပါက နိုင်ငံသားများနှင့်တိုင်းပြည်၏ ကံကြမ္မာသည် အဆိုးဆုံးသို့ ရောက် ရှိသွားနိုင်သည်။မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ကျော် အာဏာရှင်လက်အောက်တွင်နေခဲ့ရပြီး နိုင်ငံရေး စီးပွားရေး၊ပညာရေး စသည်တို့ သည် အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ရပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးလမ်းကြောင်းပေါ်သို့  စတင်လျှောက်လှမ်းနေချိန်တွင် ထိလွယ်ရှလွယ်သော အခြေအနေများပေါ် တွင် တည်ရှိနေသည်။ပြည်သူလူထုသည် လွတ်လပ်၍ တရားမျှတသော စစ်မှန်သောဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ရန် အသက် သွေး ချွေး ဘ၀တို့ ဖြင့်ရင်းနှီးမှုပေါင်းများစွာရင်းနှီ၍ ယနေ့ အချိန်ကိုရောက်ရှိ အောင်ကြိုးပမ်းခဲ့ကြရသည်။တဘက်သတ် ဥပဒေများဖြင့် အုပ်ချုပ်သော စစ်အာဏာရှင်စနစ်ကို တော် လှန်နေချိန်တွင် နိုင်ငံတကာ၏ အကူအညီများသည် စစ်မှန်ဒီမိုကရေစီစနစ်သို့  လျှောက်လှမ်းနိုင်ရေးအင် အားများဖြစ်စေချင်ပါသည်။အိမ်နီးနားချင်း တရုတ်နိုင်ငံကဲ့သို့  စီးပွားရေးတခါးဖွင့်ပေးလိုက်ပြီး နိုင်ငံရေး တခါးပိတ်ထားခံရသော တိုင်းပြည်အဖြစ်မဖြစ်သင့်ပေ။ဘက်စုံတိုးတက်သည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ အဖြစ်ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် အခြေခံဥပဒေတွင် ဒီမိုကရေစီစံနှုန်းများ လူ့ အခွင့်အရေးများ ပါဝင် ရမည်။
မြန်မာနိုင်ငံလက်ရှိအစိုးရ၏ အခြေအနေများကို သုံးသပ်ရမည်ဆိုလျှင် တရုတ်နိုင်ငံကဲ့သို့  စီးပွားရေးကို အသင့်အသင့်ဖွင့်ပေးပြီး ပြည်သူတွေနိုင်ငံရေးတွင် စိတ်ဝင်စားမှုမရှိအောင် မိမိတို့ အာဏာရှင်များက ဆက်လက်အုပ်ချုပ်နိုင်သော နိုင်ငံရေးအခင်အကျင်းကို ပြင်ဆင်နေပုံရပြီး နိုင်ငံတကာ၏ ရင်းနှီးမြုတ်နှံ မှုကို ရယူကာ ဆက်လက်အုပ်ချုပ်ရန် ဆိုင်းပြင်းနေကြသည်ကို နိုင်ငံတကာမှ သိရှိဖို့ လိုအပ်သလို လက်ရှိအုပ်ချုပ်ရေးစနစ်ဖြင့် မြန်မာနိုင်ငံသည် စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မရောက် ရှိနိုင်ပေ။ထို့ ကြောင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် တိုင်းပြည်အတွက် သေရေးရှင်ရေးထက် အရေးကြီးသော မြန်မာနိုင်ငံ၏ စိန်ခေါ်မှုကြီးအဖြစ်ရှိနေခြင်း ဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေးဆိုသည်မှာ အချိန်အခါနှင့် အခြေအနေပေါ်မှုတည်၍ တိုင်းပြည်၏ကံကြမ္မာ အလှည့်အပြောင်းဖြစ်ပြီး နိုင်ငံရေးလမ်းကြောင်း တကွက်မှားသွားလျှင် နှစ်ပေါင်းများစွာ ပြည်သူတွေ ဆင်းရဲတွင်းနှစ်ခံရမည်ဖြစ်သောကြောင့် နိုင်ငံတကာ၏ ရင်းနှီးနှံမှုများသည် သတိကြီးစွာဖြင့် လက်ရှိ ပြည်တွင်းတွင်ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေပေါ်မှုတည်၍ လေ့လာသုံးသပ် ဆုံးဖြတ်သင့်သည်။ နိုင်ငံတကာ၏ အကူအညီသည်လည်း နိုင်ငံတနိုင်ငံ၏ ကံကြမ္မာကို နစ်နာဆုံးရှုံးရသော အခြေအနေမျိုး မဖြစ်သင့်ပေ။
မြသိန်း