Friday, November 15, 2013

မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေနှင့်ပါတ်သက်ပြီး
နိုင်ငံတကာရဲ့  အမြင်

 
၂၀၁၃-၁၁-၁၅
ဒီနေ့ ဥပဒေပညာနဲ့ပတ်သက်ပြီးအတွေ့ အကြုံကောင်းတစ်ခုရခဲ့တယ်..Research And Development Studies ဆိုတာဘာလဲဆိုတာရယ်....နိုင်ငံတကာဥပဒေပညာရှင်တွေရဲ့  မြန်မာပြည်ရဲ့ အခြေခံဥပဒေပြင် ဆင်ရေး(သို့ ) အသစ်ရေးဆွဲအပေါ်မှာဘယ်လောက်အထိနက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားမှုရှိနေသလဲ    စောင့်ကြည့်နေသလဲဆိုတဲ့ အချက်တွေကိုသိလိုက်ရလို့ ပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုဥပဒေအထောက်အကူပြုကော်မတီဝင်နဲ့ ရှေ့ နေများကွန်ယက်ဦးဆောင်သူတွေထဲကတစ်ယောက်   နောက်ပြီးမန္တလေးတိုင်း ၊ကချင်ပြည်နယ်နဲ့  ချင်းပြည်နယ်တွေမှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုရှင်းလင်းပွဲတွေကိုတာဝန်ယူထားတဲ့ အန်ကယ်ဦးအောင်သိန်းနဲ့ ကျွန်တော်သူ့ ရဲ့ လမ်း (၄၀) ရုံးခန်းမှာ Dr.Melissa CROUCH စင်ကာပူအမျိုးသားတက္ကသိုလ်(National University Of                Singapore , NUS) က Research Fellow (Centre For Asian Legal Studies , faculty of law) နဲ့ နှစ်နာရီလောက်ကြာအောင် စကားပြောခွင့် ၊ အမြင်ခြင်းဖလှယ်ခွင့် ရခဲ့တာပါ.....။ သူမရဲ့ မေးခွန်းတွေထဲမှာ

(၁) ။၂၀၀၈ အခြေခံဥပဒေကိုဘယ်သူတွေက ဦးဆောင်ရေးဆွဲခဲ့တာလဲ။

(၂)။ဘယ်အချက်တွေကြောင့် ပြင်မလဲ(သို့ )အသစ်ရေးဆွဲမလဲမမေးဘူး၊ဒီအချက်တွေကဘာတွေကို အဟန့် အတားဖြစ်စေနိုင်တာလဲဆိုပြီး သူလေ့လာထားတဲ့ အချက် အလက်တွေ ၊ section & article တွေကိုတိုက်ရိုက်စမေးတာပါ.။

(၃)။Bar Council ကိုဘယ်သူတွေနဲ့ ဖွဲ့ စည်းထားတာလဲ ၊ လွတ်လပ်တဲ့အဖွဲ့ အစည်းဟုတ်သလား။

(၄)ရှေ့ နေများကွန်ယက်ကို ဘယ်သူတွေနဲ့ ဖွဲ့ စည်းထားတာလဲ ၊ သူ့ ရဲ့ ပင်မရပ်တည်ချက်နဲ့  အလုပ်အကိုင်တွေကဘာလဲ။

(၅)။မြန်မာပြည်တွင်းကဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားက ပဋိပက္ခတွေဟာ တရားဥပဒေ စိုးမိုးမှုရဲ့ အောက်မှာအချိန်မီဘာကြောင့် မထိမ်းသိမ်းနိုင်တာလဲ။

(၆)။မြန်မာပြည်က မျိုးဆက်သစ်ဥပဒေပညာရှင်တွေဟာ အနာဂတ်မြန်မာနိုင်ငံတော် အတွက်အားထား   လောက်တဲ့သူတွေဖြစ်လာနိုင်မလား ၊ ဘာလိုအပ်ချက်တွေရှိမလဲ၊ နိုင်ငံတကာဘက်ကဘာ   တွေဖြည့် ဆည်းပေးဖို့ လိုမလဲ။

(၇)။နောက်ပြီးအခြားပညာရှင်များဖြစ်တဲ့ ဦးကိုနီ ၊ ဦးသန်းတင်တို့ နဲ့ပါ ဆက်လက်တွေ့ ဆုံပြီး (NUS) မှာစာတမ်းတစ်စောင်ပြုစု တင်ပြသွားမယ်လို့ သူမရဲ့ ရည်ရွယ်ချက်တွေကိုပြောပြသွားခဲ့ပါတယ်။