Saturday, July 7, 2012
7 July နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် အခမ်းအနား
ဗကသကျောင်းသားများ ဖမ်းဆီးခံရ
တယ်လို့ သိရှိရပါတယ်။
ပြန်မာနိုင်ငံတွင် ၁၉၆၂ နှစ် စစ်အာဏာသိမ်းပြီး ဇူလိုင်လ ၇ ရက်နေ့ တွင် ကျောင်းသားအရေးတောင်းဆို
သော ကျောင်သားများကို ပစ်ခတ်ခဲ့ပြီး ၈ ရက်နေ့  သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို
ဦးနေ၀င်း စစ်အစိုးရမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ စစ်အာဏာသိမ်းခဲ့သည့် ၁၉၆၂ နှစ်မှ ယနေ့ တိုင်သည်အထိ
စနစ်ဆိုးကြီးသည် ပြောင်းလဲခြင်းမရှိသေးပါ။၇ ဇူလိုင် အရေးအခင်းနှင့် ခေတ်အဆက်ဆက်၏ လှုပ်ရှားမှု များသည် သမိုင်းတွင်ကျန်ရစ်ခဲ့သည်မဟုတ်ပါ အထိမ်းအမှတ်နေ့ များအဖြစ် ပြည်သူတို့ ၏ ရင်ဝယ်ကျန်
ရှိနေသည်ကို စစ်အစိုးရများက မလိုလားကြပေ။
ဗကသကျောင်းသားများမှ သမိုင်းဝင်အထိမ်းအမှတ်အခမ်းအနားများ ငြိမ်းချမ်းစွာကျင်းပနိုင်ရေးနှင့်လွတ်
လပ်စွာကြိုးစားနေသော်လည်း ထောက်လှန်းရေးများမှ ၈၈ ရုံးခန်းသို့ ဝင်ရောက်ဖမ်းဆီးခြင်းသည် ပြည်
သူကို စိတ်အနောက်အရှက်ဖြစ်အောင်းနှိုးစွခြင်းဖြစ်သည်။ ဒီမိုကရေဒီပြုပြင်ပြောင်းလဲရေးတွင် ငြိမ်းချမ်း
စွာ မိမိတို့ ၏ ဆန္ဒဖေါ်ပြခွင့်ရှိသည် ယခုလို လူ့ အခွင့်အရေးများပိတ်ပင်နေခြင်းသည် အစိုးရတရပ်၏ အာဏာရှင်ဆန်ဆန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြောင်းလဲမှုမရှိသေးကြောင်း အစိုးရမှ ဖေါ်ပြလိုက်ခြင်း
ဖြစ်သည်။
အမြန်ဆုံးပြန်လွတ်ပေးရန် အစိုးရတွင်တာဝန်ရှိသည်။ယနေ့ အထိ အခမ်းအနားအမျိုးမျိုးကျင်းပနေရာ
အေးဆေးစွာဖြင့် အောင်မြင်လျှက်ရှိနေသည်။ ဗကသ ကျောင်းသားများကို ဖမ်းဆီးလိုက်ခြင်းသည်
တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် အစိုးရမှ ဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတကာအလည်တွင် အရှက်ရ
စေနိုင်သည်။
Friday, July 6, 2012
ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်း မန္တလေးရောက်ရှိ
ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်း သည် ယနေ့ ဇူလိုင်လ ၆ ရက် ညနေပိုင်းတွင်
မန္တလေး ပြည်ကြီးတံခွန် မြို့ နယ် အမှတ် ( ၂၂ ) အခြေခံပညာ အလယ်တန်းကျောင်းသို့ 
သွားရောက်ကာ ကလေးငယ်များ၏ ပညာရေးကို လေ့လာခဲ့ကြောင်းသိရှိရသည်။ ယင်းကဲ့သို့ 
သွားရောက်ပြီးနောက် အပြန်လမ်းရှိ မန်းမြို့ သူမြို့ သားများအား နှုတ်ဆက်ခဲ့သည်။
ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည် လုပ်ငန်းကော်မတီ )
နည်းပညာတက္ကသိုလ်ကျောင်းသားမ
တိုက် တွင် (၅-၇-၁၂) နေ့ နံနက်ကနှစ်ငါးဆယ်ပြည့် ဆဲဗင်းဂျုလိုင် အရေးတော်ပုံ အောက်မေ့ဘွယ် အခမ်းအနား ကျင်းပခဲ့ပြီး ၊ ကျဆုံးပေးဆပ်ခဲ့သော ရဲဘော်နောင်တော် တို့အား ရည်ဇူးလျက် သံဃာတော်တို့အား နေ့ဆွမ်း ဆက်ကပ်၍ အမျှ ကုသိုလ် ဝေခဲ့ပါသည် ။
သတင်းနှင့်ပြန်ကြားရေး ကော်မတီ
နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ ကျင်းပရေးကော်မတီ
ဗကသများ အဖွဲ့ချုပ် ( အထက်ဗမာပြည် လုပ်ငန်းကော်မတီ)
သုခကုသိုလ်ဖြစ်ဆေးခန်း ဒေသအသီးသီးမှ ပြည်သူများအားကိုးနေရ
Thursday, July 5, 2012
မြန်မာ အစိုးရသစ်တွင်း သဘောထားတင်းမာသူများ နူတ်ထွက်
မြန်မာ အစိုးရသစ်တွင် သဘောထားတင်းမာသူ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး
နူတ်ထွက်ခွင့်ကို မေလပိုင်းထဲက သတင်းများထွက်ပေါ်နေသောလည်း အစိုးရမှ ထိန်ချန်ထားပြီး
ထားခဲ့သည်။
ဇူလိုင်လ ၄ရက်နေ့ တွင် လွှတ်တော်ပြန်လည်စတင်ခဲ့ရာ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း
သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
7 July နှစ်(၅၀)ပြည့် အခမ်းအနားအား ပြောင်းရွှေ့ ကျင်းပမည်ကို ကြေညာ
ရက်စွဲ။ ။၇-၇-၂၀၁၂ အချိန်။ ။၉း၀၀-မှ-၁၂း၀၀ နေရာ။ ။
၂၈၄/က ၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း ၊ သင်္ဃန်းကျွန်းမြို့ နယ်။ရန်ကုန်တိုင်းဒေသကြီး။
Wednesday, July 4, 2012
အကျဉ်းထောင်က ပြန်လွတ်လာသော ကိုခင်ဇော်ဝင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာဆို

အဖွဲ့ ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် များဖြစ်သော ဦးမြတ်ဥာဏစိုး ဦးဇေယျာသော် ဒေါ်စန္ဒာမင်းနှင့် စစ်ဗိုလ်ကိုယ်စားလှယ် တစ်ဦးတို့ သည် အောက်လွတ်တော်တွင် ကျမ်းစ္စာကြိမ်ဆိုခဲ့ကြသည်။
Tuesday, July 3, 2012
ဂျပန်နိုင်ငံသို့  လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကြိုဆို



ဂျပန်နိုင်ငံသို့  လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အေးအေးမာ ဦးဆောင်သည့် လူငယ်အဖွဲ့ ဝင်များနှင့် ပါတီအသီးသီးမှ လူငယ်အဖွဲ့ဝင်များ ယနေ့မနက်ပိုင်းက ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြိုဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲ
အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် နိုင်/ကျဉ်းများ



နိုင်ငံရေးအကျဉ်းသား ၉ ဦး၊ မ ၂ ဦး (၁) အောင်မိုးဇော် (ခ) မိုးသီး ASYC (၆ နှစ်) အသင်းအဖွဲ့ (၇)၊ ၁၃/၁ (၂) စောဝီလျံ (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၃) စောဖရန်စစ် (၃ နှစ်) ၁၇/၁ (၄) ကိုအေးသိန်း (ခ) ရန်နိုင် (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၅) ကိုထွန်းမြတ်သူ (၂၇ နှစ်) ၁၇/၁၊ ၂၄/၁၊ ၄၂၀၊ ၄၆၈ (၁၂ နှစ်နေသားရှိ) (၆) မဇာနည်ဦး (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၇) မအေးနွယ် (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၈) ကိုမြင့်ကြိုင် (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၉) ကိုဇော်မင်းအောင် (၃ နှစ်) ၁၇/၁ ကျန်သည့် နိုင်ကျဉ်း ကျား ၂ ဦး နာမည်အား စုံစမ်းဆဲ၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ကျဉ်း အယောက် ၃၀ နီးပါး လွတ်မြောက်လာသည်ဟု သိရပါသည်။
အလှူဒါန လက်နှင့်မကွာ ရွှေစင်င်္ကြာ




ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မိသားစုမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ၁।၇।၂ဝ၁၂ (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် HIV/AIDS ဝေဒနာရှင် များ အား ကူညီစောင့်ရှောက်မှုများကို ပြုလုပ်နေသော မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်း ထံသို့ အလှူငွေပေးအပ်လိုကြောင်း ဆက်သွယ်ခဲ့ရာ ၂।၇।၂ဝ၁၂ (တနင်္လာနေ့) ညနေ (၃း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘုရားခန်းမဆောင်၌ ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း)မှ HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းထံသို့ အလှူငွေ ၃ဝ၅ဝဝဝဝိ/- (သိန်းသုံးဆယ်ငါးသောင်း) ကျပ်တိတိအား လာရောက် လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။
HIV/AIDS Prevention and Care Section မှ ဝေဒနာရှင်စုစုပေါင်း (၃ဝဝ) ဦးခန့်အား အမှတ် (၃၇၆)၊ ကမ္ဘောဇ(၂)လမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ နေအိမ်(ဂေဟာ)နှင့် ဟိုက်စင်ဒူးဝါးလမ်း၊ စိုက်ပျိုး ရေးခြံ၊ (၁၁) ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဂေဟာတို့တွင် ပြုစုစောင့်ရှောက် ကုသပေး လျှက်ရှိသည်။ ယင်းအလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း)မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူ တို့ တက်ရောက်ခဲ့သည်။ ငွေလှူဒါန်းခြင်း အစီအစဉ်ပြုလုပ်ပြီးချိန်တွင် အမေရိကန်နိုင်ငံရှိ ပန်းချီ မင်းကျော်ခိုင် ရေးဆွဲထားသော ဒေါ်ဖြူဖြူသင်း၏ Sketch ပုံတူပန်းချီကားချပ်အား နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ တစ်ဆင့် လက်ဆောင်ပေးအပ်ခဲ့သည်။ အခမ်းအနားပြီးဆုံးသွားချိန်တွင် ရွှေစင်စင်္ကြာ မိသားစုများ၊ ဝန်ထမ်းများမှ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မကြာခင်ဖွင့်လှစ် ခွဲစိတ်ကု သပေးတော့မည်ဖြစ်သော မျက်စိခွဲစိတ်ခန်းသို့ ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြကာ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မိသားစုများသည် နာရေးကူညီ မှုအသင်း (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးနှင့် မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာများတို့အား သိန်းပေါင်းမြောက်များစွာ စဉ်ဆက်မပျက် လှူဒါန်းသာ သနာပြုနေကြသော အလှူရှင်၊ ဒါနရှင်များပင် ဖြစ်တော့သည်။
(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း
မည်ပေ၏။)
Monday, July 2, 2012
ကိုမာကီ မစုစုနွေးတို့ ဇနီးမောင်နှံမှ မင်္ဂလာဦးအလှူငွေ

``အမေ့မေတ္တာ´´ အခမဲ့ပညာဒါနကျောင်း နှင့် စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား၊ ကိုမာကီ မစုစုနွေးတို့ ဇနီးမောင်နှံမှ မင်္ဂလာဦးအလှူငွေအဖြစ် ပညာဒါနကျောင်း အတွက် လှူဒါန်း
ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ခေတ်ပြိုင် မြန်မာကဗျာစာတမ်းဖတ်ပွဲနှင့် ကဗျာရွတ်ဆိုခြင်း အခမ်းအနား


ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ခေတ်ပြိုင် မြန်မာကဗျာစာတမ်းဖတ်ပွဲ ကဗျာရွတ်ဆိုခြင်းပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်။ ဗိုလ်အောင်ကျော်( အောက်) Home House of Media & Entertainment ခမ်းမမှာ နေ့လည် ၁၂း၀၀ နာရီမှ ၃း၀၀ ထိ ၈၈-ကျောင်းသားခေါင်းဆောင်မျာြး