Thursday, July 5, 2012

မြန်မာ အစိုးရသစ်တွင်း သဘောထားတင်းမာသူများ နူတ်ထွက်

 ၂၀၁၂-၇-၅
မြန်မာ အစိုးရသစ်တွင် သဘောထားတင်းမာသူ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး
 နူတ်ထွက်ခွင့်ကို မေလပိုင်းထဲက သတင်းများထွက်ပေါ်နေသောလည်း အစိုးရမှ ထိန်ချန်ထားပြီး
ထားခဲ့သည်။

ဇူလိုင်လ ၄ရက်နေ့ တွင် လွှတ်တော်ပြန်လည်စတင်ခဲ့ရာ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း
သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ စတုတ္ထအကြိမ်   ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။


သမ္မတ ဦးသိန်းစိန်မှ ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးများ ရှေ့ ဆက်နိုင်ရေးအတွက်  အစိုးရအဖွဲ့ 
အတွင်း သဘောထား တင်းမာသူများနှင့် ၀န်ကြီးဌာနများကိုလည်း အပြောင်းအလဲများပြုလုပ်ခဲ့သည်။
ထိုကိစ္စနှင့်ပါတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်မောင်မြင့် မှ ၁၀ ရက်နေ့ နောက်ဆုံးထား
ပြီး ရွေးချယ်ခံမည့် နံမည်စာရင်းတင်သွင်းရန် ပြောကြားခဲ့သည်။ ဒု သမ္မတ နေရာတွင် ကြံခိုင်ဖွံ့ ဖြိုးရေး
ပါတီမှ အတွင်းရေးမှူး ဦးဌေးဦးနှင့် အခြားတဦး ရွေးချယ်ခံမည်ဟု သတင်းများထွက်ပေါ်နေသည်။

ပြီးခဲ့သည့်နှစ် ၃ လပိုင်းမှ တက်လာသော အစိုးရသစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး နှလုံးရောဂါ
ရှိနေ၍ ဆေးကုသမှုခံယူနေရကာ အစိုးရသက်တန်း ၅နှစ် အထိတာဝန်ယူမည်ဟု ပြောဆိုထားပြီး
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနားယူမည်ဟု သိရှိရသည်။

တာဝန်ယူထားစဉ်သက်တမ်းအတွင်း ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲမှုများကို အလျှင်အမြန်ဆောင်ရွက်
လျက်ရှိပြီး အစိုးရအဖွဲ့ အတွင်း သဘောထားတင်းမာသူများကို အပြောင်းအလဲများပြုလုပ် နေသည်ဟု
ထင်မြင်မိပါသည်။

ဒု သမ္မတ အဖြစ်ရွေးချယ်ရန် နံမည်ထွက်နေသော အတွင်းရေးမှူး ဦးဌေးဦးသည် ဒီပဲယင်း နိုင်ငံတော်
လုပ်ကြံမှူကြီးတွင် အဓိကတရခံတဦးအဖြစ်ထင်ရှားပြီး လူ့ အခွင့်အရေးချိုးဖေါက်မှုကို နိုင်ငံသားများ
ကန့် ကွက်ခဲ့ကြပြီး နိုင်ငံတကာတွင်လည်း သိရှိထားသူတဦးဖြစ်သည်။ ဒု သမ္မတ နေရာတွင် သမ္မတ
ဦးသိန်းစိန် ပြောသည့်အတိုင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိတ်ရော
ကိုယ်ပါ ဆောင်ရွက်နိုင်မည်သူ ရိုးသားမှုရှိသူ နံမည်ပျက်မရှိသူမှသာ ပြည်သူကလက်ခံနိုင်မည်ဖြစ်ပြီး
တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်သည်။