7 ဇူလိုင် အနှစ်(၅၀)ပြည့်အခမ်းအနား ကျင်းပရန် ဗကသကျောင်းသားများက ပြင်ဆင်နေရာ မနေ့ည ၁၀း၁၅ အချိန်မှာ၊ဝေဇယန္တာလမ်းမှာရှိတဲ့၈၈မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းကို ရဲသတင်းတပ်ဖွဲ့(SB) ၂၀ ကျော်ခန့် ရောက်ရှိလာပါတယ်။ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခေါ်ဆောင်သွား
တယ်လို့ သိရှိရပါတယ်။
ပြန်မာနိုင်ငံတွင် ၁၉၆၂ နှစ် စစ်အာဏာသိမ်းပြီး ဇူလိုင်လ ၇ ရက်နေ့ တွင် ကျောင်းသားအရေးတောင်းဆို
သော ကျောင်သားများကို ပစ်ခတ်ခဲ့ပြီး ၈ ရက်နေ့  သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို
ဦးနေ၀င်း စစ်အစိုးရမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ စစ်အာဏာသိမ်းခဲ့သည့် ၁၉၆၂ နှစ်မှ ယနေ့ တိုင်သည်အထိ
စနစ်ဆိုးကြီးသည် ပြောင်းလဲခြင်းမရှိသေးပါ။၇ ဇူလိုင် အရေးအခင်းနှင့် ခေတ်အဆက်ဆက်၏ လှုပ်ရှားမှု များသည် သမိုင်းတွင်ကျန်ရစ်ခဲ့သည်မဟုတ်ပါ အထိမ်းအမှတ်နေ့ များအဖြစ် ပြည်သူတို့ ၏ ရင်ဝယ်ကျန်
ရှိနေသည်ကို စစ်အစိုးရများက မလိုလားကြပေ။
ဗကသကျောင်းသားများမှ သမိုင်းဝင်အထိမ်းအမှတ်အခမ်းအနားများ ငြိမ်းချမ်းစွာကျင်းပနိုင်ရေးနှင့်လွတ်
လပ်စွာကြိုးစားနေသော်လည်း ထောက်လှန်းရေးများမှ ၈၈ ရုံးခန်းသို့ ဝင်ရောက်ဖမ်းဆီးခြင်းသည် ပြည်
သူကို စိတ်အနောက်အရှက်ဖြစ်အောင်းနှိုးစွခြင်းဖြစ်သည်။ ဒီမိုကရေဒီပြုပြင်ပြောင်းလဲရေးတွင် ငြိမ်းချမ်း
စွာ မိမိတို့ ၏ ဆန္ဒဖေါ်ပြခွင့်ရှိသည် ယခုလို လူ့ အခွင့်အရေးများပိတ်ပင်နေခြင်းသည် အစိုးရတရပ်၏ အာဏာရှင်ဆန်ဆန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြောင်းလဲမှုမရှိသေးကြောင်း အစိုးရမှ ဖေါ်ပြလိုက်ခြင်း
ဖြစ်သည်။
အမြန်ဆုံးပြန်လွတ်ပေးရန် အစိုးရတွင်တာဝန်ရှိသည်။ယနေ့ အထိ အခမ်းအနားအမျိုးမျိုးကျင်းပနေရာ
အေးဆေးစွာဖြင့် အောင်မြင်လျှက်ရှိနေသည်။ ဗကသ ကျောင်းသားများကို ဖမ်းဆီးလိုက်ခြင်းသည်
တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် အစိုးရမှ ဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတကာအလည်တွင် အရှက်ရ
စေနိုင်သည်။