Wednesday, July 4, 2012

အကျဉ်းထောင်က ပြန်လွတ်လာသော ကိုခင်ဇော်ဝင်း

၂၀၁၂-၇-၄ စစ်ကိုင်းမြို့ သာသနာ့သိပ္ပံကျောင်းတိုက်မှာ၂၀၀၉ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့  စာလေးစောင်နဲ့အတူ တွေ့ရှိရတာကြောင့် ဖမ်းဆီခံရပြီး ပုံနှိပ်အက်ဥပဒေ နှင့် ၇ နှစ် ဗီဒီယိုအက် ဥပဒေ ၃ နှစ် စုစုပေါင်း ၁၀နှစ်ကျခံခဲ့ရတဲ့ ဦးဝီရိယ (ခ) ခင်ဇော်ဝင်းဟာ ဇူလိုင်လ ၃ ရက်နေ့က မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အကျဉ်းထောင်က ပြန်လွတ်လာပြီး သာသနာ့ဘောင် ပြန်ဖို့စိတ်ကူးပေမယ့် ကတုံးရိတ်ဖို့ကိုတောင် အတိုက်အခံလုပ်ပြီး ရိတ်ခဲ့ရတဲ့အကြောင်း တွေနဲ့ ထောင်တွင်း ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေ အစရှိတာတွေကို ပြောကြားခဲ့ပါတယ်။