2012-12-7
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်
အတွက် မိမိအနေနှင့် အနည်းငယ် စိုးရိမ်မိကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၆ ရက်
နေ့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့သော Asean 100 Lead-ership Forum
တွင် ပြောကြားခဲ့သည်။
'' မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် မှာ
ရှင်းလင်းထင်ရှားတဲ့ တည်ဆောက်ပုံကို မတွေ့ရတဲ့အတွက်ကြောင့် ကျွန်မအနည်း
ငယ် ပူပန်မိတာရှိပါတယ်။ အခုဆိုရင် နိုင်ငံအနှံအပြားမှာ ပြဿနာတွေ
အမျိုးမျိုးပေါ်ပေါက်နေပါတယ်။ လက်ရှိအစိုးရရဲ့ ပွင့်လင်း
မြင်သာမှုအဆင့်ကိုလည်း ကျွန်မ ကျေနပ်နေပြီလို့ မဆိုလိုပါဘူး''ဟု
ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။အဆိုပါဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က '' Resilience for the Turbulant Time'' ခေါင်းစဉ်ဖြင့် တက်ရောက်ဟောပြောခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ နိုင်ငံရေးစနစ်အတွက် ဖက်ဒရယ်မူကျင့်သုံးခြင်းကို ထောက်ခံသည်ဟု သူမကဆို သည်။
'' ကျွန်မကတော့ ဖက်ဒရယ်မူ ကျင့်သုံးတဲ့အပေါ် ယုံကြည်တယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် မှန်ကန်သည့် မူတစ်ခုဖြစ်ပါတယ်။ ဖက်ဒရယ်မူကို ကျင့်သုံးရင် ကျွန်မတို့ တိုင်းရင်းသား အချင်းချင်းကို ဝေးကွာစေမည့်အစား ပိုမိုနီး ကပ်စေမယ်လို့ ယုံကြည်ပါတယ်'' ဟု ၎င်းက ဖိုရမ်ကိုတက်ရောက်လာသော ပရိသတ်တစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းတွင် ဒီမိုကရေစီစနစ်သည် ပြီးပြည့်စုံသည့်စနစ် မဟုတ်ကြောင်း၊ သို့သော် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံသားများကလိုသလို ပုံဖော်နိုင်ကြောင်း၊ တိုင်းပြည်ထိခိုက်မှုမရှိအောင် ပြုလုပ်နိုင်ကြောင်း၊ အောက်ခြေလူတန်းစားများအထိ အပြောင်းအလဲ ကို ခံစားမိလျင်၊ ကြောက်ရွံ့ခြင်းကင်းဝေးပြီဆိုလျ င်၊ လုံခြုံသည့်အနေအထားသို့ရောက်ရှိ ပြီဆိုလျင် နိုင်ငံအတွက် စိတ်ပူစရာမလိုတော့ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
'' နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုမှာ အမြန်နှုန်းဟာ ပြောင်းလဲမှုရဲ့ အရည်အသွေးမဟုတ်ပါ ဘူး။ စိတ်ချရတဲ့ပြောင်းလဲမှု ဖြစ်ဖို့သာလိုတာပါ'' ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။
Asean 100 Leadership Forum သို့ နောက်ခံနယ်ပယ် အမျိုးမျိုးရှိသော ပုဂ္ဂိုလ်တစ်ရာခန့်ကို ဖိတ်ကြားကာ တွေ့ဆုံ ဆွေးနွေးစေခြင်းဖြစ်သည်။ ဆွေးနွေးပွဲများမှာ ပွင့်လင်းစွာ ဆွေးနွေး မေးမြန်းခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ အချင်းချင်း ပိုမိုသိကျွမ်းနားလည်မှုကို တည်ဆောက်နိုင်စေ ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဖိုရမ်ကို ကြီးမှူးကျင်းပသည့် Asia Inc Forum မှ မစ္စတာ ဒါတိုတမိုသီအွန်က ပြောကြားခဲ့သည်။
'' ကျွန်မကို ကျေနပ်မှုရရှိစေမယ့် အောင်မြင်မှုတစ်ခုတည်းကို ပြောပါဆိုရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပဲ
ပြောရပါမယ်။ နိုင်ငံအတွင်းက တိုင်းရင်းသားတွေ အားလုံးအကြားထဲက ပြန်လည်ရင်
ကြားစေ့ရေး၊ လက်နက်ကိုင်အင်အားစုတွေကြားက ပြန်လည်ရင်ကြားစေ့ရေးပါ'' ဟု
သူမက ဆက်လက် ပြောကြားသွားခဲ့သည်။
ထို့ပြင် သူမက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများအနက် အချို့ကို ခံစားရစပြုလာပြီဖြစ်
'' မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်
မြန်မာနိုင်ငံ နိုင်ငံရေးစနစ်အတွက် ဖက်ဒရယ်မူကျင့်သုံးခြင်းကို ထောက်ခံသည်ဟု သူမကဆို သည်။
'' ကျွန်မကတော့ ဖက်ဒရယ်မူ ကျင့်သုံးတဲ့အပေါ် ယုံကြည်တယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် မှန်ကန်သည့် မူတစ်ခုဖြစ်ပါတယ်။ ဖက်ဒရယ်မူကို ကျင့်သုံးရင် ကျွန်မတို့ တိုင်းရင်းသား အချင်းချင်းကို ဝေးကွာစေမည့်အစား ပိုမိုနီး ကပ်စေမယ်လို့ ယုံကြည်ပါတယ်'' ဟု ၎င်းက ဖိုရမ်ကိုတက်ရောက်လာသော ပရိသတ်တစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းတွင် ဒီမိုကရေစီစနစ်သည် ပြီးပြည့်စုံသည့်စနစ် မဟုတ်ကြောင်း၊ သို့သော် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံသားများကလိုသလို ပုံဖော်နိုင်ကြောင်း၊ တိုင်းပြည်ထိခိုက်မှုမရှိအောင် ပြုလုပ်နိုင်ကြောင်း၊ အောက်ခြေလူတန်းစားများအထိ အပြောင်းအလဲ ကို ခံစားမိလျင်၊ ကြောက်ရွံ့ခြင်းကင်းဝေးပြီဆိုလျ
'' နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုမှာ အမြန်နှုန်းဟာ ပြောင်းလဲမှုရဲ့ အရည်အသွေးမဟုတ်ပါ ဘူး။ စိတ်ချရတဲ့ပြောင်းလဲမှု ဖြစ်ဖို့သာလိုတာပါ'' ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။
Asean 100 Leadership Forum သို့ နောက်ခံနယ်ပယ် အမျိုးမျိုးရှိသော ပုဂ္ဂိုလ်တစ်ရာခန့်ကို ဖိတ်ကြားကာ တွေ့ဆုံ ဆွေးနွေးစေခြင်းဖြစ်သည်။ ဆွေးနွေးပွဲများမှာ ပွင့်လင်းစွာ ဆွေးနွေး မေးမြန်းခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ အချင်းချင်း ပိုမိုသိကျွမ်းနားလည်မှုကို တည်ဆောက်နိုင်စေ ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဖိုရမ်ကို ကြီးမှူးကျင်းပသည့် Asia Inc Forum မှ မစ္စတာ ဒါတိုတမိုသီအွန်က ပြောကြားခဲ့သည်။
'' ကျွန်မကို ကျေနပ်မှုရရှိစေမယ့် အောင်မြင်မှုတစ်ခုတည်းကို ပြောပါဆိုရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလ
ထို့ပြင် သူမက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများအနက် အချို့ကို ခံစားရစပြုလာပြီဖြစ်
ကြောင်းနှင့်  ထိုအခွင့်အရေးများကို မှန်ကန်စွာ အသုံးချနိုင်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့သည်။
အဆိုပါဖိုရမ်ကို Asia Inc Forum က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခုဖိုရမ်မှာ ကိုးကြိမ်မြောက် ဖြစ် သည်။
EMG
အဆိုပါဖိုရမ်ကို Asia Inc Forum က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခုဖိုရမ်မှာ ကိုးကြိမ်မြောက် ဖြစ် သည်။
EMG