Friday, December 7, 2012

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် စာနယ်ဇင်းရှင်းလင်းပွဲ

 2012-12-7
"လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပေါ်ပေါက်လာသော ပြသနာအရပ်ရပ်အပေါ် သုံးသပ်ထားသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၏ ရဟန်းရှင်လူ၊ ပြည်သူအပေါင်းနှင့် အစိုးရအဖွဲ့သို့ အိတ်ဖွင့်ပေးစာ" အတွက် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ M3 စားသောက်ဆိုင်ခန်းမတွင်
 မီဒီယာနှင့် ပရိသတ် (၅၀)ကျော်ခန့် ဖြင့် ၇.၁၂.၂၀၁၂ နေ့လည်(၁)နာရီမှ (၂)နာရီ ဝန်းကျင်ထိ တွေ့ဆုံရှင်းလင်းခဲ့ပြီး ထိုပွဲတွင် ၁.၁၂.၂၀၁၂ နေ့၌ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဖြစ်ပွားရာဒေသများသို့ သွားရောက်လေ့လာထားမှု၏ တွေ့ရှိမှုသဘောထားအမြင်များကို ပြောကြားကာ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ဒီဇင်ဘာ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကန်တော်ကြီး မျှော်စင်ကျွန်းတွင်နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၏ ရံပုံငွေ စာအုပ်အရောင်းပွဲကို သက်ဆိုင်ရာသို့ ကျင်းပခွင့်တောင်းမည်ဖြစ်ပြီး နိုင်ချုပ်အဖွဲ့ဝင် ဆရာစံဇာဏီဘို၏ တစ်ထောင် ၅ ည စာအုပ်ကိုပါ ရောင်းချမည်။ ထိုရက်များအတွင်း ညနေ (၄)နာရီမှ (၉)နာရီအထိ တေးဂီတဖျော်ဖြေပွဲများကိုပါ ထည့်သွင်းတင်ဆက်သွားမည်ဟု ယနေ့ပွဲတွင်ပြောကြားချက်အရ သိရှိရသည်။