ရန်ကုန်၊ ဒီဇင်ဘာ ၇
ဆန့်ကျင်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည့် လက်ပံတောင်းတောင်
စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ယနေ့ ၉ နာရီ
၃၀ မိနစ် အချိန်မှစ၍
၁၁ နာရီ ၃၀မိနစ်အချိန်အထိ ပြည်တွင်းမီဒီယာများနှင့် ပြည်ပမီဒီယာများကိုခေါ်ယူတွေ့ဆုံကာ တရုတ်နိုင်ငံ၏ သဘောထားကို ရှင်းပြမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
တရုတ်သံအမတ်ကြီးလီကျွင်းဟွာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ေ သာ စုံစမ်းဖော်ထုတ်ရေး ကော်မရှင်၏ဆုံးဖြတ်ချက်ကို ၄င်းတို့နိုင်ငံအနေဖြင့် စောင့်မျှော်နေပြီး မှန်ကန်သည့်အတိုင်း၊မျှတသည့်အတိုင်းအဖြေထွက်လာလျှင်လက်မခံနိုင်စရာအကြောင်းမရှိပါဘူးဟူ၍ မီဒီယာများအားတရားဝင်ထုတ်ဖော်ပြောဆိုလိုက်သည်။