၂၀၁၁-၁၁-၁၉
အမေရိကန်သမ္မတ အိုဘားမားနှင့် အဖွဲ့သည် ယနေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် တက္ကသိုလ်ရိပ်သာ လမ်းရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရောက်ရှိလာပြီး
နောက်၊ အဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်  ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက် ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဆွေးနွေးသည်။
သမ္မတအိုဘားမာားနှင့်အဖွဲ့သည်
ဒေါ်အောင်ဆန်းစုကြည်နေအိမ် သို့ အစီအစဉ်အတိုင်း ရောက်ရှိလာခဲ့ရာ
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အ၀မှ ကြိုဆိုသည်။ ထို့နောက်
အသင့်စောင့်ဆိုင်းနေသော အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယကဦးတင်ဦး
သဘာပတိအဖွဲ့ဝင် ဆရာဦးဝင်းတင် တို့နှင့် ဦးစွာ မိတ်ဆက်ပေးသည်။
သမ္မတအိုဘားမားက တဆက်တည်းတွင်၊
သဘာပတိ အဖွဲ့ဝင် ဦးသန်းထွန်း၊ဦးလှဖေ အတွင်းရေးမှူး အဖွင့်ဝင်များ ဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့် ၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းမြင့်၊ ဒေါက်တာ မေ၀င်းမြင့်၊ ဦးထွန်းထွန်းဟိန် တို့အားရင်းနှီးစွာ တဦးချင်း လက်ဆွဲ နှုတ်ဆက်သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် သမားတော်ကြီးဒေါက်တာ တင်မျိုးဝင်း ၊ ဒေါက်တာ ပြုံးမိုအိ နေအိမ်ရှိ အဖွဲ့ဝင်များ၊ တဦးချင်းရင်းနှီးစွာ နှုတ်ဆက်သည်။
ထို့နောက်မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။ ထို့နောက် တွင်သမ္မတအိုဘားမားနှင့် အဖွဲ့သည် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် နာရီဝက်ကြာတွေ့ဆုံ ဆွေးနွေးသည်။ ဆွေးနွေးချက်ကို နှစ်ဖက်
စလုံးမှ ထုတ်ပြန်ကြေညာခြင်းမရှိ။ သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်။
မွန်းလွဲ ၁နာရီ ၅မိနစ်တွင်၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အင်းယားကန်ဖက် ဆင်ဝင်အောက်တွင် အသင့်စောင့်ဆိုင်းနေသာ ပြည်တွင်း ပြည်ပသတင်းစာဆရာများနှင့် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစု
ကြည်က ၃မိနစ်ကြာ ၊သမ္မတအိုဘားမားက ၄ မိနစ်ကြာ နှုတ်ဆက် စကားပြောကြားသည်။ ထို့နောက် သမ္မတအိုဘားမားနှင့် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း မှ၊ ရန်ကုန်တက္ကသိုလ် သို့ဆက်လက်ထွက်ခွာသွားသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့် အဖွဲ့သည် ယနေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် တက္ကသိုလ်ရိပ်သာ လမ်းရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
နောက်၊ အဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင်
သမ္မတအိုဘားမာားနှင့်အဖွဲ့သည