Tuesday, November 20, 2012

ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တက်ရောက်
လာသော ဒေါ်အောင်ဆန်းစုကြည်

 ၂၀၁၂-၁၁-၂၀
ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် နွေကာလတွင်ရန်ကုန် မြို့တွင်း လျှပ်စစ်ဓါတ်အား   ဖြည့်ဆည်းရန် ထိုင်းနိုင်ငံမှ အခမဲ့ကူညီပေးသော ဂက်(စ်)တာဘိုင် နှစ်လုံးအား အင်းစိန်ရွာမသို့သယ်
ဆောင်ရန် ကန်ဒေါ်လာ ၄၃ ဒဿမ ၁၆၂ သန်း နှင့် မြန်မာငွေ ကျပ်သန်း ၁၃၀၀ ကို ရန်ပုံငွေ လွှဲပြောင်း သုံးစွဲရန် နိုင်ငံတော် သမ္မတ မှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ထားသည့်       ကိစ္စ၊မြန်မာနိုင်ငံ၏နျူကလီးယား သတိံ္တကြွပစ္စည်းများဆိုင်ရာ နောက်ဆက်တွဲစာချုပ်တွင် လက်မှတ်     ရေးထိုး ထားခြင်းမရှိသည့် အတွက် နိုင်ငံတကာဝေဖန်မှူများအပေါ်ဖြေရှင်းနေရသောကြောင့် လက်မှတ်တော်ရေးထိုးရန် နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့လိုက်
ကြောင်း ကိစ္စ နှင့်ဆွေးနွေးမှု နှင့်ပတ်သတ်၍ ၀န်ကြီးဌာန ၁၅ ခုမှ နိုင်ငံတော်အတွက်   ပေးသွင်းရမည့်   ငွေများနှင့် အလွဲသုံးစားလုပ်ထားသော ငွေ ၅၈၃၉၈ ဒဿမ ၈၁၀ သန်းနှင့် ကန်ဒေါ်လာ ၂၃၂
၉၇၇ ဒဿမ၃၁ နှင့် ပတ်သတ်၍ ဥပဒေနှင့် အညီ တရားစွဲခြင်း၊ဒါဏ်ကြေးချမှတ်ခြင်းများပြုလုပ် သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက     ပြောကြားထားသည့်ကိစ္စအား ဆွေးနွေးနေကြောင်းသိရသည်။