နေပြည်တော် နိုဝင်ဘာ ၁၈
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သောပြည်ထောင်စုလွတ်တော်ပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်က အစိုးရ၀န်ကြီးဌာန ၁၅ ခုအား အလွဲသုံးစားမှု၊ မသမာသော
သဘောဆောင်ရွက်မှုတို့ကြောင့် နိုင်ငံတော်မှ နစ်နာငွေ ကျပ်သန်း ၅
သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂ သိန်းကျော်ရှိခဲ့သဖြင့် ပြောဆိုခဲ့သည်။
နိုင်ငံတော်သို့ ပေးသွင်း ရမည့် ရရန်ကြွေးအများဆုံးမှာ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃.၇၀၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅.၀၂၀ တို့ ဖြစ်ကြောင်းသိရှိရသည်။မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ရရန်ငွေအများစုမှ ပြည်သူ့လွတ်တော်ဥက္ကဌဦးရွှေမန်း၏ သားများပိုင်သော ဇေယျာရွှေဝါကုမ္မဏီမှ ဖြစ်ကြောင်းသိရသည်။ ၎င်းငွေကြေးများအား ဦးရွှေမန်း
ပုသိမ်တိုင်းမှူးဘ၀တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး
ဦးမောင်မောင်သိန်းထံမှ အာဏာ အလွဲသုံးစားပြုလုပ်ပြီး ချေးယူခဲ့ခြင်းဖြစ်ကာ
ယခုအချိန်အထိပြန်မဆပ်နိုင်သေးကြောင်း သိရသည်။
ထိုသို့ ပေးရန်ငွေများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မကုန်မီပြန်လည်ပေးသွင်းရန်နှင့် မပေး ဆပ်နိုင်ပါက ဒဏ်ကြေးများချခြင်း ဥပဒေအရ တရား စွဲဆိုခြင်းပြုလုပ်မည်ဟု သိရသည်။
ဦးရွှေမန်း၏ သားများပိုင်ဆိုင်သော ဇေယျာရွှေဝါကုမ္မဏီသည် ဧရာဝတီ တိုင်းအတွင်း ဆန်စပါး လုပ်ငန်း အပါအ၀င် လုပ်ငန်းအများစုကို လုပ်ကိုင်ခဲ့သည်။ ဦးရွှေမန်း၏ သားတစ်ဦး ဖြစ်သော
တိုးနိုင်မန်းမှာလဲ အရာရှိငယ်ဘ၀တွင် ကားပြိုင်မောင်းသဖြင့် အရာရှိငယ် ၂ ဦး သေဆုံးသွားပြီး ၎င်းနေရာတွင် အခြားတစ်ယောက် အစားထိုးထောင်ကျခံစေကာ ယခုထိအရေးယူခံရခြင်းမရှိကြောင်း သိရှိ ရသည်။
နိုင်ငံတော်သို့ ပေးသွင်း ရမည့် ရရန်ကြွေးအများဆုံးမှာ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃.၇၀၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅.၀၂၀ တို့ ဖြစ်ကြောင်းသိရှိရသည်။မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြ
ထိုသို့ ပေးရန်ငွေများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မကုန်မီပြန်လည်ပေးသွင်းရန်နှင့် မပေး ဆပ်နိုင်ပါက ဒဏ်ကြေးများချခြင်း ဥပဒေအရ တရား စွဲဆိုခြင်းပြုလုပ်မည်ဟု သိရသည်။
ဦးရွှေမန်း၏ သားများပိုင်ဆိုင်သော ဇေယျာရွှေဝါကုမ္မဏီသည် ဧရာဝတီ တိုင်းအတွင်း ဆန်စပါး လုပ်ငန်း အပါအ၀င် လုပ်ငန်းအများစုကို လုပ်ကိုင်ခဲ့သည်။ ဦးရွှေမန်း၏ သားတစ်ဦး ဖြစ်သော
တိုးနိုင်မန်းမှာလဲ အရာရှိငယ်ဘ၀တွင် ကားပြိုင်မောင်းသဖြင့် အရာရှိငယ် ၂ ဦး သေဆုံးသွားပြီး ၎င်းနေရာတွင် အခြားတစ်ယောက် အစားထိုးထောင်ကျခံစေကာ ယခုထိအရေးယူခံရခြင်းမရှိကြောင်း