Tuesday, June 26, 2012

တက္ကသိုလ်ဝင်တန်းကျောင်းသားပေါင်း ၁၈၀ ကျော်ကို နေ့စဉ်အခမဲ့သင်ကြားပေးနေသော ဆရာဝန်များဦးဆောင်တဲ့ ရောင်ခြည်သစ်ပညာဒါနကျောင်း


2012-6-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပညာရေးကွန်ရက် ရောင်ခြည်သစ် အခမဲ့ပညာဒါနကျောင်းကို ရန်ကုန် တိုင်းဒေသကြီး၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဉ်မြို့တော်၊(၁)လမ်း-က၊တိုက်(၁၁)၊အခန်း(၀၀၄)တွင် ဒီချုပ် နာယကကြီးဘဘဦးတင်ဦးကိုယ်တိုင် ၂၀--၁၂-၂၀၁၁နေ့က တက္ကသိုလ်ဝင်တန်းများ ကျွမ်းကျင် ပို့ချနိုင်သောဆရာ၊ဆရာမများထံမှ အဆင်ပြေချောမွေ့စွာ အခမဲ့သင်ယူလေ့လာနိုင်ရန်အတွက်   ရည်ရွယ်၍ စတင်ဖွင့်လှစ်ပေးခဲ့သော အခမဲ့ပညာဒါနကျောင်းဖြစ်ပါသည်။  အဆိုပါထိုကျောင်းသည် အမေ့ မေတ္တာဖြင့်လွှမ်းခြုံထားသော အသိပညာ၊အတတ်ပညာသင်ကြားပေးရေး အမေ့အိမ် ပညာဒါန ကျောင်းများစွာထဲတွင်၂၂-ကျောင်းမြောက်ဖွင့်လှစ်ခဲ့သောအခမဲ့ပညာဒါနကျောင်းဖြစ်     ကြောင်းလည်း သိရှိ ခဲ့ရပါသည်။
          ယခုဆိုလျှင် ထိုကျောင်းတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားပေါင်း ၁၈၀-ကျော် ဦးရေကို            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ကျန်းမာရေးကွန်ရက်၊ပညာရေးကွန်ရက်မှတာဝန်ခံ၊ရောင်ခြည်သစ်အခမဲ့ ပညာဒါနကျောင်းတွင်ခေါင်းဆောင်နာယက ဒေါက်တာကိုကျော်စွာဦးကိုယ်တိုင် ဦးဆောင်၍ ဆရာ၊ ဆရာမများအရောက်သုံးဆယ်က နေ့စဉ်နှင့်အမျှ သင်ကြားပေးလျက်ရှိကြောင်း ကြည်နူးစွာတွေ့မြင်ခွင့် ရခဲ့ပါသည်။ စိတ်မကောင်းစွာတွေ့မြင်ခွင့်ရခဲ့တာကို ပြန်လည်ဖော်ပြရမယ်ဆိုလျင် ကျောင်းသားဦးရေ နှင့် နေရာ မမျှတတဲ့အခက်အခဲကြောင့် လာအပ်သမျှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ကျောင်းသူမှန် သမျှကို လက်မခံနိုင်ဘဲ ငြင်းပြီး ပြန်လွှတ်လိုက်ရတဲ့အဖြစ်အပျက်အခြေအနေတွေပါပဲ။
          ရောင်ခြည်သစ်အခမဲ့ပညာဒါနကျောင်းကို ဦးဆောင်တာဝန်ယူ နာယကအဖြစ်အုပ်ချုပ်နေတဲ့ ဆရာ၊ ဒေါက်တာ ကိုကျော်စွာဦးကို လက်ရှိ ဒီချုပ်အောက်မှာ ဘာတွေကို တာဝန်ယူလုပ်ဆောင်နေပါ သလဲဆိုတာနဲ့ပတ်သက်လို့မေးကြည့််တဲ့အခါမှာတော့ ဆရာဟာ ဒေါက်တာဘွဲ့ကိုရယူထားပေမယ့် မိသားစုအသိုင်းအ၀ိုင်းက ပညာရေးသမားတွေမို့ ပညာရေးဘက်မှာပဲ အားသန်ကာ ပညာရေးတွေကို ပဲ တာဝန်ယူနေကြောင်း၊ အမှန်ကတော့ ဆေးကုသခွင့်လိုင်စင်ကို အာဏာပိုင်များက သိမ်းထားခဲ့လို့ ပညာရေးကွန်ရက်အောက်မှာ ပညာရေးတွေကို တာဝန်ယူနေကြောင်း၊ ဒီချုပ်အောက်က ကျန်းမာရေး ကွန်ရက်အောက်မှာ ဒေါက်တာ ၆-ယောက်နဲ့စုပေါင်းပြီး ကျန်းမာရေးလူငယ်များကွန်ရက်ကို ဦးဆောင်  ကာ အခမဲ့ပညာဒါနကျောင်းဆိုပြီး ဖွင့်လှစ်ထားတဲ့ အမေ့အိမ်ကကလေးငယ် ကျောင်းသားအရွယ်တွေ အားလုံးကိုလည်း အပါတ်စဉ်လိုက် အခမဲ့ဆေးဝါးများကို ကုသပေးနေကြောင်းသိရှိရပါသည်။