Monday, June 25, 2012
ကိုမင်းကိုနိုင် လယ်သမားတွေနဲ့တွေ့ဆုံ
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှာရှိတဲ့ ကွင်းအမှတ် (၁၁၂၆-ခ)က
လယ်ယာ မြေတွေကို ပင်လယ်ကိုးသွယ်ကုမ္မဏီနဲ့ အာဏာပိုင်တွေပူးပေါင်းပြီး သိမ်းယူခဲ့တာကြောင့်
ဒေသခံလယ်သမား တွေမှာ အခက်တွေ့နေကြတယ်ဆိုလို့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားတွေ ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင် ဦးဆောင်တဲ့
NLD အဖွဲ့ဝင်တွေ နဲ့ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် လူဦးရေ ၅၀ လောက်က ဒေသခံလယ်သမား တွေကို
ဇွန်လ ၂၂ ရက်နေ့က သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ ကိုမင်းကိုနိုင်က ဒီလယ်မြေပြဿနာကို အမှန်တရားအတိုင်းထုတ်ဖော်ပေးမယ်ဆိုတာကို ဒေသခံလယ်သမားတွေကို ပြောဆိုသွားခဲ့သလို
ရှေ့နေကိုဖိုးဖြူကလည်း လယ်ယာမြေဥပဒေတွေနဲ့ ပတ်သက်လို့ ရှင်းပြပြောဆိုသွားခဲ့ပါတယ်။
Posted by
mya thein