Tuesday, June 26, 2012

တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ရွာသားများပိုင်ဆိုင်သော မြေနုကျွန်းများကို လုယူဖို့ကြိုးစားနေကြတဲ့ ဧရာဝတီတိုင်းက ခရိုင်မှူးနှင့်မြို့နယ်မှူး


၂၀၁၂-၆-၂၆
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်၊ဧရာဝတီမြစ်လက်တက်၊တိုးမြစ်ကမ်းဘေးရှိ၊တံခွန်တိုင်    ကျေးရွာ၊ သောင်တန်းကျေးရွာ၊ လယ်ကိုင်းကျေးရွာ၊ မီးသွေးချောင်းကျေးရွာ ဘက်မှာပေါ်ထွန်းနေတဲ့ မြေနုကျွန်းခေါ် သဲသောင်ကို မြေစာရင်းဌာနမှလုပ်ပိုင်ခွင့်ပြေစာ နဲ့ မီးသွေးချောင်းအုပ်စုဘက်မှ လစဉ်နှစ်တိုင်း စိုက်ပျိုးလုပ်ကိုင်စားသောက်နေလာခဲ့ သည်မှာ နှစ်(၂၀)ခန့်ရှိပါပြီ။၂၀၀၆ ခုနှစ်ကလည်း ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ     ဥက္ကဋ္ဌ ဦးဌေးဝင်း၊ မအူပင်မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးဘိုထွန်း၊ ပန်းတနော်မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးမြဦးတို့နှင့် ခရိုင်မြေစာရင်း      ဦးစီး၊ ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးမြင့်ဆွေ၊ မအူပင်၊ပန်း တနော် မြေစာရင်းဦးစီးမှူးတို့၏ သဘောတူဆုံးဖြတ်ချက်အရ မီးသွေးချောင်ကျေးရွာ အုပ်စုအား အပြီးပိုင်ပေးခဲ့ပါသည်။ 

 သို့သော် ယခုနှစ်တွင်မူပန်းတနော်မြို့နယ်၊ရွှေဖလားကျွန်းကျေးရွာ၊မြို့ခံများမှလက်ရှိအာဏာပိုင်များ         နှင့်ပူး ပေါင်းပြီး ပန်းတနော်မြေစာရင်းဦးစီးမှူးကပါ မအူပင်မြေစာရင်းဦးစီးမှူးနှင့် လက်တို့သွေးထိုး ကာ နှစ်စဉ်နှစ်တိုင်းပေါ်ထွန်းလာသော မြေနုကျွန်းခေါ် သဲသောင်မှန်သမျှကို ၅၀% နှုံး ကျော် ပန်းတနော်မြို့နယ်၊ရွှေဖလားကျွန်းကျေးရွာမှ လုပ်ကိုင်စားသောက်ခွင့်ရရန် ၂၅-၀၅-၂၀၁၂ နေ့မှာ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စုရှိ အိမ်ခြေပေါင်း ၁၀၈၅ အိမ်ရှိ မည်သည့်အိမ်က လူနှင့်      မျှ တိုင်ပင်ခြင်း၊ဆွေးနွေးခြင်းမရှိဘဲ အတင်းအဓမ္မ မြေ တိုင်း၍ သူတို့ပိုင်ဆိုင်သည့်နယ်နိမိတ်  အဖြစ်သတ်မှတ်သွားကြောင်းလည်း ဒေသခံ ကျေးရွာ ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ကိုအောင်ဇော်ဝင်း ကိုယ်တိုင်က ပြောကြားခဲ့ပါသည်။ အဆိုပါ အထပ်မှ ဖြစ်ရပ်များကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဧရာဝတီမြစ်လက်တက်၊တိုးမြစ်ကမ်းဘေးရှိ၊မီးသွေးချောင်းကျေးရွာအုပ်စု  ၀င်တံခွန်တိုင်ကျေးရွာ၊သောင်တန်းကျေးရွာ၊လယ်ကိုင်းကျေးရွာ၊ မီးသွေးချောင်းကျေးရွာမှ အိမ်ထောင်စု ပေါင်း တစ်ထောင်ကျော်ခန့်က မကျေနပ်မှုများဖြင့်ခံစားနေရကြောင်းလည်း            သိရှိရပါသည်။