၃၀ ရက်နေ့ က ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် မိခင်နိုင်ငံပြန်လာရေး ဥပဒေမှု
ကြမ်းကို (ပြည်သူ့ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ က)ကန့် ကွက် ဆန္ဒပြခဲ့ကြသည်။နိုင်ငံခြားတွင် နိုင်ငံရေးခိုလှုံ နေထိုင်ကြသူများ မိခင်နိုင်ငံပြန်လာရေး ဥပဒေမှုကြမ်းနှင့်ပါတ်သက်ပြီး တပ်ဆင်
ဆန်ကျင်သူများက ဆန္ဒပြမှုများပြုလုပ်ကာ ထိုင်းနိုင်ငံရဲ့  နိုင်ငံရေး လူမှုရေးတို့ တွင် တပ်ဆင်ကို
ထောက်ခံမှုများကြောင့် နိုင်ငံရေးအကွဲကွဲ အပြဲပြဲဖြစ်နေသည့် အနေအထားတွင်ရှိနေပါသည်။
တပ်ဆင် မထောက်ခံသူက အစိုးရကို ဆန့် ကျင် ဆန္ဒပြနေကြပါသည်။ညွန့် ပေါင်းအစိုးရမှတင်ပြထား
သော မိခင်နိုင်ငံပြန်လာရေး ဥပဒေမှုကြမ်းသည် (အမျိုးသားပြန်လည်သင့်မြတ်ရေး)အတွက်ရည်ရွယ်ပြီး
၂၀၀၅ -၉-၁၉ မှ ၂၀၁၁-၅-၁၀ ရက်နေ့ တွင် ထွက်ပေါ်လာသော မူကြမ်းတွင် နိုင်ငံရေးအရ ဥပဒေ
ချိုးဖေါက်မှုနှင့်ပါတ်သက်ပြီး အရေးယူခြင်း တရားဆွဲဆိုဆုံးဖြတ်ခြင်း မရှိစေရဟု အထူးပြထမ်းကာ
ရေးဆွဲထားသောကြောင့် ထိုဆုံးဖြတ်ချက်ကို အတည်ပြုခဲ့လျှင် ၂၀၀၈ ခုနှစ်က လဒ်စားမှုဖြင့် တရား
ဆွဲဆို ထောင်ဒါဏ်ချမှတ်ခြင်းခံထားရသော တပ်ဆင်သည် ဥပဒေဘောင်မှ တရားသေ လွတ်မြောက်
ခွင့်ရရှိသွားပြီး မိခင်နိုင်ငံသို့ ပြန်လာ နိုင်မည်ဖြစ်သည်။ထိုမှုကြမ်းကို ထိုင်းအစိုးရမှတင်ပြထားသည်။
တပ်ဆင် ဆန့် ကျင်သူများက အစိုးရကရေးဆွဲထားသော( အမျိုးသားပြန်လည်သင့်မြတ်ရေး)မူကြမ်း
သည် တရားမဲ့လွန်းရာ ရောက်နေပြီး တပ်ဆင်အတွက် ထိုမှုကြမ်းကို အသုံးချခြင်းသာဖြစ်သည်ဟု
ဝေဖန်ထားကာ ထိရောက်စွာ ဆန့် ကျင်ဆန္ဒပြမည်ဟု ကြွေးကြော်ထားသည်။မတ်လ ၃၀ ရက်နေ့ 
ဆန္ဒပြပွဲသည် ထိုမှုကြမ်းကို လွှတ်တော်အတွင်း ဆွေးနွေးနေချိန်ဖြစ်ပြီး အတိုက်အခံ ဒီမိုကရေစီပါတီ
လွှတ်တော်အမတ်များက ပူးပေါင်းပါဝင်ဆန္ဒပြခဲ့သည်။ထိုဥပဒေမှုကြမ်း အတည်ပြုခဲ့လျှင် နိုင်ငံပြိုကွဲ
မည်ဟု ကြွေးကြော်သံများဖြင့် ဆန္ဒပြကြသည်။
ထိုဥပဒေမှုကြမ်းကို တင်ပြသောသူသည် တပ်ဆင်အစိုးရဟောင်းတွင်ပါဝင်ခဲ့သော ဗိုလ်ချုပ်ကြီး ဇွန်ဒီ
(ကုန်းတပ်)မှဖြစ်ပြီး လက်ရှိတွင် ပါတီငယ်တခုကို ဦးဆောင်နေသူဖြစ်သည်။မတ်လလ နောက်ဆုံး အပါတ်တွင် တပ်ဆင်ပါတီမှ အရေးယူခံထားရသော ဦးဆောင်သူ ၁၁၁ ဦးအား အစိုးရအဖွဲ့ တွင် ၅နှစ်
ပါဝင်ခွင့်မရှိဆိုသော သတ်မှတ်ချက်က ကုန်ဆုံးမည်ဖြစ်သောကြောင့် ဒီအမှုနှင့်ပါတ်သက်ပြီး တပ်ဆင်
၏ ညီမဖြစ်သူ ၀န်ကြီးချုပ် ယင်လတ် က ဘယ်လိုကိုင်တွယ် ဆောင်ရွက်မည်ကို ပြည်သူများက စိတ်ဝင်
စားနေကြသည်။