အခြေခံလစာ
နည်းပါးမှု ပြဿာနာကို ဖြေရှင်းမပေးဘဲ လျစ်လျူရှု့ထားတာကြောင့် လှိုင်သာယာမြို့ နယ် ငွေကံ့ကော်
အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ကျော်က ဆန္ဒပြ တောင်းဆိုတာနေတာ ၇ရက် ကျော်သွားပြီလို့
သိရပါတယ်။
လက်ရှိသူတို့ရနေတဲ့
လစာမှာ ၃၇၁၉၇ ကျပ်သာဖြစ်ပြီး နောက်ထပ် ၃သောင်း ထပ်တိုးပေးဖို့ တောင်း ဆိုပေမယ့် အလုပ်ရှင်ဘက်က
ဖြေရှင်းမပေးဘဲ တင်းခံထားတာကြောင့် အခုလို အလုပ်မဆင်းဘဲ ဆန္ဒပြနေတာပါလို့ အလုပ်သမားတွေက
ပြောပြပါတယ်။
အလုပ်ရှင်သူဌေးဘက်ကလဲ
အရင်လစာအတိုင်း လုပ်ဖို့သဘောတူတဲ့ ၀န်ထမ်းတိုင်း အလုပ်ပြန် ဆင်းနိုင်ကြောင်း ၊ သူများပြောစကားကို
နားမယောင်ဖို့ အသိပေးကြေညာချက်တွေ ဖြန့်ဝေ ထားပါတယ်။ လောလောဆယ်တော့ ဆန္ဒပြသူ အင်အားများလာပြီး ဆန္ဒပြတဲ့ရက်တွေ ကြာရှည် လာတာကြောင့် စက်ရုံကို ခဏပိတ်ထားရတယ်လို့
အလုပ်သမားတွေက ပြောဆိုပါတယ်။