၂၀၁၂-၅-၃၁
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းရေတပ် ညီလာခံဟောတွင်ပြုလုပ်သည့် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို ညနေပိုင်းမှာ
တတ်ရောက်လာပြီး ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှိနာဝါဒွာနဲ့  တွေ့ ဆုံခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်အပါအ၀င် ခေါင်းဆောင်အတော်များများက အရှေ့အာရှ အနာဂတ်အပေါ် အမြင်
တွေကို မိန့်ခွန်း ပြောဆိုကြဖို့ရှိပါတယ်။ မနက်ဖြန် ဇွန်လ တစ်ရက်နေ့ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ
တော့ ဒေါ်အောင်ဆန်းစုကြည်က ဒေသနဲ့ကမ္ဘာကြီး၏ ပြောင်းလဲလာမှုနှင့်ပါတ်သက်ပြီး မိန့်ခွန်း ပြောဖို့ရှိပါတယ်။