Thursday, May 31, 2012

HOME မီဒီယာဖျော်ဖြေးရေး ကုမ္ပဏီရုံးခန်းဖွင့်ပွဲ

HOME အမည်ရှိတဲ့ မီဒီယာဖျော်ဖြေးရေး ကုမ္ပဏီရုံးခန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတိရိုက်ကူးရေး ရုံးခန်းမှာမေလ ၂၈ ရက်နေ့ ပြုလုပ်ခဲ့ကြပါတယ်။Home မီဒီယာကုမ္ပဏီက HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက် မှုတွေ ပေးနေတဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ ဆေးခန်းအတွက်ကို ငွေကျပ် ဆယ်သိန်းနဲ့မင်းဘူးဦးသြဘာသ စာကြည့်တိုက်အတွက် ငွေကျပ်ဆယ်သိန်း ကိုလှူဒါန်းပေးခဲ့ပါတယ်။