Thursday, May 31, 2012

EPC မှ မီးစက်သယ်ယူခ ပြည်သူတွေကို သိန်း ၃၀
ကောက်ခံပြီး မီးပုံမှန်မရ

ချောင်းသာမှာ လျှပ်စစ်မီးပေးဖို့မီးစက်အင်အား မလုံလောက်တာကြောင့် နေပြည်တော်ကနေ မီးစက်တစ်လုံး ထပ်မံသယ်ဆောင်မယ်။ အဲဒီအတွက် ကုန်ကျမယ့်စရိတ် ကျပ်ငွေသုံး ဆယ်လောက်လိုတယ်ဆိုပြီး ပြည်သူတွေဆီက ကောက်ခံခဲ့ပါတယ်။ နေပြည်တော်ကနေ မီးစက်ကိုသယ်ဆောင်လာပြီး အခုအခါမီးပေးတာက ညနေ ခြောက်နာရီခွဲကနေ ကိုးနာရီလောက် သာ မီးပေးတာကြောင့် ပြည်သူတွေအနေနဲ့ မကျေမနပ်ဖြစ်နေကြပါတယ်။ ပြည်သူတွေအနေနဲ့ သူတို့ဆီက ငွေကြေးကောက်ခံမှုဟာလဲ အမှန်တကယ်လိုအပ်တာကြောင့် ကောက်ခံခဲ့တာဟုတ်ရဲ့ လားလို့ သံသယဖြစ်နေကြတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောကြားခဲ့ပါတယ်။