မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ မှု ပြန်လည်ဖွင့်ပေးလိုက်သည့်အတွက် အမေရိကန်အကူအညီတွေအပါအ၀င် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများမှ စီးပွားရေးရင်းနှီးမြုပ်နှံမှု
တွေ အမြောက်အများ ၀င်ရောက်လာဖို့  ရှိနေပါတယ်။
စီးပွားရေးရင်းနှီးမြုပ်နှံမှု ဥပဒေကိုလည်း အစိုးရမှပြန်လည်ပြင်ဆင်ရေးဆွဲနေပြီး နိုင်ငံတကာစံနှုန်းနဲ့ 
ညီညွတ်မှုရှိဖို့ လိုပြီး လွတ်လပ်မှုနှင့်အလုပ်သမားအခွင့်အရေး လစာနှုန်းများလည်း ပြန်လည်ပြင်ဆင်
ပေးရမည်ဖြစ်သည်။
လက်ရှိပြည်တွင်းလုပ်ငန်းရှင်များနှင့် အလုပ်သမားများ ပုံမှန်လစာရရှိရေး ဆန္ဒပြမှုများ အကြိမ်ကြိမ်
ဖြစ်ပေါ်နေရာ ညှီနှိုင်းမှုမရရှိဘဲဖြစ်နေသောအချက်သည် ဥပဒေတွင် အလုပ်သမား၏ လစာနှင့် ခံစား
ခွင့်များ အားနည်းနေသောကြောင့် ဖြစ်သည်။
နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ ကို ပေးအပ်မယ့် နည်းပညာ အကူအညီ တွေ
အပေါ် အမေရိကန် အစိုးရက ပိတ်ပင် တားမြစ်ထားချက် တွေကို ပယ်ဖျက် ပေးလိုက်ပြီလို့ သိရပါ
တယ်။ ဒီတားမြစ်ချက်တွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်မှတ်နဲ့ ကင်းလွတ်ခွင့်ပေးလိုက် တာလို့ ဆိုပါတယ်။
ပယ်ဖျက်ပေးမှုကြောင့် အမေရိကန် ပြည်ထောင်စုကကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ စတဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း သတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေ၊
စွမ်းအင် ကုမ္ပဏီတွေရဲ့ နည်းပညာ အကူအညီတွေ ပြန်လည်ရရှိတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်က စခဲ့တဲ့စီးပွားရေးပြုပြင် ပြောင်းလဲမှုအတွက် အထောက်အပံ့ဖြစ်စေမှာပါလို့သိရ
ပါတယ်။
အမေရိကန် ပြည်ထောင်စုက ခုလို လျော့ပေါ့ပေးတာတွေဟာ မကြာခင်က ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံ အတွင်းပြုပြင် ပြောင်းလဲမှုတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံရေးစောင့်ကြည့် လေ့လာသူတွေက ပြောပါ
တယ်။"မြန်မာ အစိုးရအနေနဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ရာမှာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေကိုပါ ထည့်သွင်းလုပ်ဆောင်နေတာ ပါ။
ဒါပေမယ့် ဒီနေရာမှာ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် အခက်အခဲ အချို့ရင်ဆိုင်နေရတယ်။
ခုလိုငွေကြေးအဖွဲ့အစည်းတွေက နည်းပညာတွေ တရားဝင်ပြန်ပေးနိုင်မှာဆိုတော့ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံဝင်ရောက်လာနိုင်တယ်"
လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ထားပါတယ်။